နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးကြုံတွေ့ခဲ့ရတဲ့ အဓိကပြဿနာကို ဖွင့်ဟပြောဆိုလာတဲ့ ဂျော်ဒန်ဟန်ဒါဆန်
နော်တင်ဟမ်ဖောရက်စ်ကွင်းမှာ အလွန်ဆိုရဲ့အသင်းက ၃-၂ ဂိုးဖြင့် အရေးနိမ့်ပြီး အခုဘောလုံးရာသီရဲ့ ပဉ္စမမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
လူစားဝင်ကစားသမားအီမီဂါရဲ့သွင်းဂိုးနှစ်ဂိုးက နော်တင်ဟမ်မြေမှာ ချဲလ်ဆီးတို့အတွက် မျှော်လင့်ချက် ဆက်လက်ရှိနေစေခဲ့ပေမဲ့ City Ground ကွင်းမှာ ပွဲပြီးခါနီး အခွင့်အရေးများစွာကို ချေပဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ ဇာဘီအလွန်ဆိုရဲ့အသင်းအတွက် အမှတ်တွေ ထပ်မံဆုံးရှုံးခဲ့ပါတယ်။
ချဲလ်ဆီးက နောက်ဆုံးကစားခဲ့တဲ့ ထိပ်တန်းလိဂ် ၅ ပွဲအနက် ၁ ပွဲသာ အနိုင်ရရှိထားပြီး ညံ့ဖျင်းနေတဲ့ ခြေစွမ်းဆိုးကို ပြောင်းလဲနိုင်ဖို့အတွက် ပွဲစတင်ချိန်ကတည်းက ပိုမိုမြန်ဆန်စွာ သွက်သွက်လက်လက်ကစားနိုင်ဖို့ လိုအပ်တယ်လို့ ဝါရင့်ကွင်းလယ်လူဟန်ဒါဆန် ဝန်ခံပြောကြားခဲ့ပါတယ်။
ဟန်ဒါဆန်က "ခြုံပြီးပြောရရင် ရလဒ်ရော၊ အလုံးစုံစွမ်းဆောင်ရည်အပေါ်မှာပါ ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဒီထက်ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ထင်ပါတယ်။ ပွဲပြီးဆုံးချိန်အထိ ကျွန်တော်တို့ ဆက်လက်ကြိုးစားခဲ့တယ်။ အပိုင်နီးပါး အခွင့်အရေးတွေ ရခဲ့သလို နောက်ဆုံးကန်ချက်အထိ တိုက်ပွဲဝင်ခဲ့ကြပေမဲ့ သူတို့ ၂-၀ ဂိုး သို့မဟုတ် ၃-၁ ဂိုး ဖြစ်သွားချိန်အထိ ကျွန်တော်တို့ အရှိန်အဟုန်ကောင်း အရှိန်မရခဲ့ပါဘူး" လို့ ပြောပါတယ်။
"အဲဒီနောက်မှပဲ ဘောလုံးကို ရှေ့ဆီ ပိုမြန်မြန် ပို့နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ကစားနေရလို့ ကျွန်တော်တို့ ဒီကိုလာပြီး ဒီထက်ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ရပါမယ်"
"ဒါက ခံစစ်တန်းတစ်ခုတည်း မဟုတ်ဘဲ အသင်းတစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အမှားတွေ လုပ်နေတာကို ရပ်တန့်ဖို့ လိုပြီး ဒါက အသင်းတစ်ခုလုံးမှာ တာဝန်ရှိပါတယ်" လို့ ဆိုပါတယ်။