အိုးထရက်ဖို့ဒ်မှာ ပျားတုပ်ခံရပြီး မရှုမလှပြိုလဲသွားတဲ့ သရဲနီ
မန်ချက်စတာယူနိုက်တက် ဝ-၄ ဘရန့်ဖို့ဒ် (ပွဲပြီးရလဒ်)
အခုအိမ်ကွင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ကစားပုံအနည်းငယ်ကောင်းမွန်လာပေမဲ့ ဂိုးပြတ်ရှုံးနိမ့်မှုရလဒ်ပိုင်းနဲ့အတူ ဖိအားတွေအောက် ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဧည့်သည်တွေအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ပထမပိုင်းပွဲချိန်မှာ ကာလမ်ဝီလ်ဆင်က နှစ်ဂိုး၊ ဒုတိယပိုင်းပွဲချိန်မှာ အဂျာနဲ့ ရှာဒီတို့က တစ်ဂိုးစီ သွင်းယူခဲ့ပါတယ်။ အခုရှုံးပွဲကြောင့် မန်ချက်စတာယူနိုက်တက်က မနက်ဖြန်၊ ခရစ္စတယ်ပဲလေ့စ်ပွဲစဉ်ရလဒ်ပိုင်းအပေါ် မူတည်ပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာအထိ ရောက်ရှိသွားနိုင်တဲ့ အခြေအနေကို ရင်ဆိုင်လာရပါတယ်။