The network connection is lost.

Banner Image

ပေါင်ခြံဒဏ်ရာ ခွဲစိတ်ကုသပြီးနောက် ဖေဖော်ဝါရီလအထိ အနားယူရမယ့် တိုင်လာမော်တန်

နာတာရှည်ပေါင်ခြံဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် လိုင်ယွန်ကွင်းလယ်လူ တိုင်လာမော်တန်က လာမယ့်ဖေဖော်ဝါရီလအထိ ပွဲစဉ်တွေနဲ့ ဝေးကွာနေရပါတော့မယ်။

အသက် ၂၄ နှစ်အရွယ်အင်္ဂလန်ကစားသမားက ဘယ်ပေါင်ကြွက်သားနာကျင်မှုကို မကြာခဏ ခံစားနေခဲ့ရပြီး နိုင်ငံတကာသီတင်းပတ်အတွင်း ခွဲစိတ်မှု ခံယူခဲ့ရတယ်လို့ ပြင်သစ်ကလပ်အသင်းမှ အတည်ပြုခဲ့ပါတယ်။

ဒဏ်ရာပြဿနာအများအပြားနဲ့ ရင်ဆိုင်နေရတဲ့ လီဂူးဝမ်းကလပ်အတွက်တော့ မော်တန် မပါဝင်နိုင်မှုကြောင့် နောက်ထပ်ထိုးနှက်ချက်အသစ်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။

အိုပန်ဒါကို တစ်လကြာ လက်လွှတ်ထားရသလို ပါဗယ်လ်ဆူးလည်း ဖေဖော်ဝါရီလလောက်မှ ပြန်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အူဒရာအိုဂိုကတော့ အောက်တိုဘာလအတွင်း  ပြင်းထန်ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် ပွဲစဉ်တွေနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

မော်တန်က ၂၀၂၅ ခုနှစ်၊ နွေရာသီကာလအတွင်း လီဗာပူးမှ လိုင်ယွန်ဆီ ပြောင်းရွှေ့လာခဲ့ပြီး အသင်းရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အလျင်အမြန် ပြောင်းလဲလာခဲ့ပါတယ်။

သူက အခုဘောလုံးရာသီ ၁၄ ပွဲ ပါဝင်ကစားခဲ့ရာမှာ ၁၂ ပွဲအထိ ပွဲထွက်ကစားခွင့် ရရှိထားပြီး တစ်ဂိုးသွင်းယူထားခဲ့ပေမဲ့ အန်ဂါးစ်၊ ဆိုစီဒက်၊ ဘရက်စ်တို့နဲ့ ရင်ဆိုင်ရတဲ့ လိုင်ယွန်ရဲ့ နောက်ဆုံးပွဲစဉ်သုံးခုကိုတော့ လွဲချော်ခဲ့ပါတယ်။