The network connection is lost.

Banner Image

နယ်သာလန်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် လူစာရင်းကို ရွေးချယ်ထားပြီးပြီလို့ ဆိုလိုက်တဲ့ ယာဂန်ကလော့ပ်

ယာဂန်ကလော့ပ်က သူ့ရဲ့အသင်းလူစာရင်းပိုင်းနဲ့ပတ်သက်လို့ အရိပ်အမြွက်လေးတောင် ထုတ်မပြောခဲ့ပေမဲ့ ဂရူဒါရဲ့ ကောင်းမွန်တဲ့ခြေစွမ်းပိုင်းကြောင့် နယ်သာလန်နဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်လာနိုင်တယ်ဆိုတဲ့သဘောထားကိုတော့ အနည်းငယ်ချပြခဲ့ပါတယ်။

ဆာဘီးယားနဲ့ပွဲမှာ အထင်ကြီးဖွယ် ပွဲဦးထွက်ခြေစွမ်းပြသခဲ့ပြီးနောက် ဒီည၊ နယ်သာလန်နဲ့ကစားမယ့်ပွဲစဉ်မှာ ဂျာမနီအတွက် ဂရူဒါ ပွဲထွက်လာနိုင်တယ်လို့ ယာဂန်ကလော့ပ်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က ပြုံးစိစိမျက်နှာထားဖြင့် "လူစာရင်းနဲ့ ပတ်သက်လို့ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ။ ဘာလဲဆိုတာ ခင်ဗျားတို့ကို မပြောပြရုံလေးပါပဲ"

"ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ဘောလုံးမှာ ဒီလိုပဲ လည်ပတ်နေတာပါ။ ကိုယ်က ခြေစွမ်းပြနိုင်ရင် နောက်တစ်ပွဲ ထပ်ကစားရဖို့ ဖြစ်နိုင်ခြေ သေချာပေါက် ပိုများသွားပါတယ်"

"ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာ နောက်တစ်ပွဲကို မဖြစ်မနေ ပွဲထွက်ကစားရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါကြောင့် မတူညီတဲ့အချက်အလက်တွေ အားလုံးကို ချိန်ဆရပါမယ်"

"လာမယ့်နှစ်တွေအတွင်း ကျွန်တော်တို့အတွက် တစ်ခုတည်းသောပြဿနာအဖြစ် 'ပြီးခဲ့တဲ့ပွဲစဉ်မှာ ဒီကစားသမား ပွဲထွက်ကစားပြီး ခြေစွမ်းပြခဲ့ပေမဲ့ အဲဒီနေရာမှာ ကျွန်တော်တို့အတွက် တခြား ကစားသမားကောင်းတစ်ဦးလည်း ရှိနေသေးတယ်' ဆိုတဲ့ ပုံစံမျိုး ဖြစ်လာစေဖို့ ကျွန်တော် မျှော်လင့်ပါတယ်"

"အဲဒီလိုပြဿနာမျိုးတွေကို ဆွေးနွေးနေရမယ်ဆိုရင် အရမ်းကောင်းပါလိမ့်မယ်။ ဒီလို အခြေအနေမျိုး ကျွန်တော်တို့ဆီမှာ ရှိနေမယ်ဆိုရင် အရမ်းအံ့သြဖွယ်ကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ဆီမှာ ဘာပြဿနာမှ မရှိတော့ဘူးဆိုတဲ့ သဘောမျိုး ဖြစ်လာနိုင်လို့ပါ" လို့ ပြောပါတယ်။ 

နယ်သာလန်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ဂိုးကွာခြားချက်အားနည်းနေမှုနဲ့ပတ်သက်လို့ ကလော့ပ်က အခုပွဲစဉ်ကို အနိုင်ယူကာ ထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းအရ အုပ်စုဗိုလ်နေရာ ရယူနိုင်မယ့် အခွင့်အလမ်းအတွက် ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။

"ကျွန်တော့်ရဲ့နည်းပြဘဝတလျှောက်လုံး ဒီလိုအသင်းမျိုးတွေနဲ့ ကစားရတာကို အမြဲတမ်း သဘောကျခဲ့ပါတယ်။ အသင်းတစ်ခုက ဘောလုံးကစားရတာကို နှစ်သက်တယ်လို့ တစ်ဦးဦးက လာပြောရင် ချက်ချင်းပဲ ကျွန်တော် စိတ်လှုပ်ရှားသွားတတ်ပါတယ်"

"ဒါကြောင့် မနက်ဖြန်မှာ ကျွန်တော်တို့ ကိုယ်ပိုင်ဘောလုံးကစားဟန်ကို ပြသရင်း သူတို့ရဲ့ ကစားပုံကို အနှောင့်အယှက်ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ ရှင်းလင်းပြတ်သားလှတဲ့ အစီအစဉ်ပါပဲ"

"ဆာဘီးယားမှာ အရမ်းခက်ခဲတဲ့ အခြေအနေတွေကြားမှ ကျွန်တော်တို့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခု ပြသနိုင်ခဲ့ပါတယ်။ အဲဒီ အရှိန်အဟုန်ကို မနက်ဖြန်ပွဲစဉ်ဆီ သေချာပေါက် သယ်ဆောင်သွားချင်ပါတယ်" လို့ သူက နိဂုံးချုပ်ပြောခဲ့ပါတယ်။