ကလော့ပ်ရဲ့လက်အောက်မှာ ဂျာမနီအသင်း လမ်းကြောင်းမှန်ဆီ ဦးတည်နေပြီလို့ နည်းပြဟောင်း ဂျိုအာချင်လို အခိုင်အမာပြောဆို
ကမ္ဘာ့ဖလားဆုရှင်နည်းပြ ဂျိုအာချင်လိုက ဂျာမနီနည်းပြအဖြစ် တာဝန်ယူနေတဲ့ ယာဂန် ကလော့ပ်ဆီမှ မြင်တွေ့နေရတဲ့အရာတွေကို သဘောကျနှစ်ခြိုက်နေပါတယ်။
ပါရာဂွေးကို ရှုံးနိမ့်ကာ ၃၂ သင်းရှုံးထွက်အဆင့်မှ ထွက်ခွာလာရတဲ့ စိတ်ပျက်ဖွယ်ကမ္ဘာ့ဖလားခရီးစဉ်အပြီး နာဂယ်စ်မန်းရဲ့နေရာကို ယာဂန်ကလော့ပ် အစားထိုးဝင်ရောက်လာပါတယ်။
ဒေါ့မွန်နဲ့ လီဗာပူးနည်းပြဟောင်းအတွက် အဖွင့်ပွဲစဉ် ၅ ခုမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ၂၀၁၄ ခုနှစ်၊ ဂျာမနီကို ကမ္ဘာ့ဖလားအောင်မြင်မှုရအောင် ဦးဆောင်ပေးခဲ့တဲ့ ဂျိုအာချင်လိုကတော့ ကလော့ပ်ရဲ့လက်အောက်မှာ အသင်းက 'အပြုသဘောဆောင်တဲ့ လမ်းကြောင်းဆီ' ဦးတည်လျှောက်လှမ်းနေတယ်လို့ ယုံကြည်နေပါတယ်။
Bild TV ဆီ ဂျိုအာချင်လိုက "ယာဂန်ကလော့ပ်တော့ အရမ်းအရမ်းကို ကောင်းမွန်တဲ့ အလုပ်တစ်ခု လုပ်ဆောင်နေပါတယ်" လို့ ပြောပါတယ်။
"သူက ကစားသမားတွေကို ယုံကြည်မှုတွေ အများကြီးပေးစွမ်းနိုင်သလို ရေရှည်တည်တံ့မယ့် ကစားကွက်အတွေးအခေါ်တစ်ခုကို ဖော်ထုတ်ဖို့လည်း ကြိုးစားနေပါတယ်"
"အရာအားလုံး အပြုသဘောဆောင်တဲ့လမ်းကြောင်းဆီ ဦးတည်သွားနေတယ်ဆိုတဲ့ ခံစားချက်မျိုး ခင်ဗျားတို့ ခံစားမိပါလိမ့်မယ်" လို့ ဆိုပါတယ်။