ဇန်နဝါရီအပြောင်းအရွှေ့အတွက် နာပိုလီရဲ့ပစ်မှတ်ကစားသမားစာရင်းကို အယ်လီဂရီ ရေးဆွဲထား
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်လေးဦးအထိ ခေါ်ယူအားဖြည့်ပေးဖို့ နာပိုလီအသင်းဆီ အယ်လီဂရီ တောင်းဆိုထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၅၉ နှစ်အရွယ် အယ်လီဂရီက နွေရာသီကာလအတွင်း မာရာဒိုနာကွင်းမှာ စီးရီးအေချန်ပီယံဆုရယူပေးခဲ့တဲ့ ကွန်တီရဲ့နေရာကို အစားထိုးတာဝန်ယူဖို့ ရောက်ရှိလာခဲ့ပါတယ်။
နာပိုလီက အယ်လီဂရီရဲ့လက်အောက်မှာ ရာသီအဖွင့် ၁၁ ပွဲကစား၊ ၁၅ မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၁၀ နေရာအထိ ရောက်ရှိနေကာ ရုန်းကန်နေရပါတယ်။
La Gazzetta dello Sport ရဲ့ဖော်ပြချက်အရ အခြေအနေတွေကို အကောင်းဘက် ပြောင်းလဲနိုင်ဖို့အတွက် ဇန်နဝါရီလအတွင်း ညာနောက်ခံလူတစ်ဦး၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်တဲ့ ကွင်းလယ်လူတစ်ဦးနဲ့ တိုက်စစ်မှူးနှစ်ဦးတို့ကို ခေါ်ယူပေးဖို့ ကလပ်အသင်းဆီ အယ်လီဂရီ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီကတည်းက ရောင်းထုတ်ဖို့ အဆင်သင့်ရှိခဲ့တဲ့ နိုအာလန်းနဲ့ လော်ရန်ဇိုလူကာတို့ကိုလည်း အပြောင်းအရွှေ့စာရင်းမှာ နောက်တစ်ကြိမ် ပြန်လည်ထည့်သွင်းသွားဖွယ် ရှိပါတယ်။
ဒီသတင်းမှာတော့ ရှက်ခ်တာဒိုးနက်ညာနောက်ခံလူ ဗင်နီစီးယက်စ်တိုဘီယက်စ်၊ ဆာဆူအိုလိုရဲ့ ဒါရီလ်ဘာကိုလာနဲ့ မွန်ဇာတိုက်စစ်မှူး ဂူစတာဗိုဗာရီလာတို့ကို ဖြစ်နိုင်ဖွယ် ရွေးချယ်စရာတွေအဖြစ် ဖော်ပြထားပါတယ်။