The network connection is lost.

Banner Image

စီးရီးအေချန်ပီယံဖြစ်ပြီးနောက် အသင်းဖော်ဘာရယ်လာကို ချီးကျူးလိုက်တဲ့ မားကပ်စ်သူရမ်

ယမန်နေ့(တနင်္ဂနွေနေ့)၊ ပါးမားကိုအနိုင်ယူပြီး စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အင်တာမီလန်တိုက်စစ်မှူးမားကပ်စ်သူရမ်က အသင်းဖော်ဘာရယ်လာကို အထူးချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ချီဗူးရဲ့အသင်းက ရာသီလက်ကျန်ပွဲစဉ် သုံးပွဲအလိုမှာတင် စီးရီးအေချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပြီး ဒါက အီတာလျံထိပ်သီးကလပ်အသင်းကြီးရဲ့ သမိုင်းတလျှောက် ၂၁ ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုလည်း ဖြစ်ပါတယ်။

အခုပွဲစဉ်အတွက် အသက် ၂၉ နှစ်အရွယ် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမားဘာရယ်လာက ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု (Player of the Match) ကို ရရှိသွားခဲ့ပြီး သူရမ်ကတော့ သူ့ရဲ့အသင်းဖော်ကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

"ဘာရယ်လာက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေအနက် တစ်ဦးဖြစ်ပါတယ်။ သူက အများကြီး စွမ်းဆောင်နိုင်သလို အင်တာမီလန်နဲ့ အီတလီလက်ရွေးစင်အသင်းအတွက်လည်း အများကြီး ကူညီပေးခဲ့ပါတယ်။ ကျွန်တော့်အမြင်အရတော့ သူက အီတလီရဲ့အကောင်းဆုံးကစားသမားပါပဲ။ သူ့ရဲ့အရည်အချင်းအပေါ် တချို့လူတွေ ဘာလို့သံသယဝင်ကြလဲဆိုတာ ကျွန်တော် ဘယ်တော့မှ နားမလည်နိုင်ခဲ့ပါဘူး" လို့ သူရမ်က DAZN Italia ဆီ ပြောခဲ့ပါတယ်။

"သူက ကွင်းတွင်း၊ ကွင်းပြင် အားမာန်အပြည့်နဲ့ စိတ်အားထက်သန်သူတစ်ဦး ဖြစ်ပါတယ်။ သူက ကျွန်တော်တို့အသင်းရဲ့ခေါင်းဆောင်တွေအနက် တစ်ဦးဖြစ်တယ်ဆိုတာကိုလည်း မမေ့ဖို့ လိုပါတယ်။ ကျွန်တော် အင်တာမီလန်ကို စရောက်ကတည်းက ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ စည်းစည်းလုံးလုံးနဲ့ အတူတူရှိနေချင်ကြတဲ့ အသင်းတစ်ခုကို မြင်တွေ့ခဲ့ရပြီး ဒါကပဲ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့အင်အားတစ်ရပ် ဖြစ်ပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။