The network connection is lost.

Banner Image

ဘာစီလိုနာမှာ သူ့ကို တန်ဖိုးမထားသလို ခံစားနေရတယ်လို့ ဖာမင်လိုပက်ဇ် ဖွင့်ဟပြောဆို

ဘာစီလိုနာမှာ သူ့ကို တန်ဖိုးမထားသလို ခံစားနေရတယ်လို့ ဖာမင်လိုပက်ဇ်က အံ့အားသင့်ဖွယ် ဝန်ခံပြောဆိုခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားက ၂၀၂၅ ခုနှစ်၊ နွေရာသီကာလအတွင်း ချဲလ်ဆီးဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပေမဲ့ ဒီအပြောင်းအရွှေ့ကို အကောင်အထည်ဖော်ဖို့ သူကိုယ်တိုင် ဆန္ဒမရှိခဲ့ပါဘူး။

အခုဘောလုံးရာသီမှာတော့ ဖာမင်လိုပက်ဇ်က ၁၅ ပွဲကစား၊ ရှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုခုနစ်ကြိမ် ပြုလုပ်ကာ ဘာစီလိုနာနဲ့ စပိန်အတွက် အကောင်းဆုံးတိုက်စစ်ခြိမ်းခြောက်မှုတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ကို အကြိတ်အနယ်အနိုင်ယူခဲ့တဲ့ တနင်္ဂနွေနေ့လာလီဂါပွဲစဉ်မှာလည်း သူ့ရဲ့သွင်းဂိုးနှစ်ဂိုးက အနိုင်ရလဒ်ကို ဖော်ဆောင်ပေးခဲ့ပြီး ဘာစီလိုနာကို ၁၂ ပွဲကစား၊ ၃၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်ရှိနေစေခဲ့ပါတယ်။

Catalunya Radio နဲ့တွေ့ဆုံချိန် ဖာမင်လိုပက်ဇ်က သူ့အတွက် အသိအမှတ်ပြုမှု အပြည့်အ၀မရရှိသလို ခံစားရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

"အမြဲတမ်း တန်ဖိုးထားမခံရသလို ခံစားနေရတယ်ဆိုတာ နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကလပ်အသင်း၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကို ကျွန်တော် အမှန်တကယ် ခံစားရပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။