ခရစ္စတယ်ပဲလေ့စ်ကို ဂိုးပြတ်အနိုင်ယူကာ နှစ်ပွဲဆက်အရှုံးကနေ ရုန်းထနိုင်ခဲ့တဲ့ လီဗာပူး
ခရစ္စတယ်ပဲလေ့စ် ၁ - ၃ လီဗာပူး (ပွဲပြီးရလဒ်)
လီဗာပူးအသင်းက ယနေ့ညပွဲစဉ်မှာ ရုန်းကန်ခဲ့ရပေမဲ့ ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချကာ ဂိုးပြတ်နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်က အိမ်ကွင်းမှာ အနည်းဆုံးသရေရစေမယ့် အခွင့်အရေးများစွာရခဲ့ပေမဲ့ အဆုံးသတ်အားနည်းမှုနဲ့အတူ လီဗာပူးဂိုးသမား အလီဆင် လက်စွမ်းပြနေတာကြောင့် သွင်းဂိုးတွေနဲ့ ဝေးကွာခဲ့ရပြီး ပွဲပြီးခါနီး ပင်နယ်တီဂိုးကြောင့်သာ နှစ်သိမ့်ဂိုးရခဲ့ပါတယ်။
လီဗာပူးကတော့ အာဆင်နယ်၊ ဖီနာဘာချီတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် လိုအပ်နေတဲ့ နိုင်ပွဲတစ်ခုကို ရှာဖွေသွားနိုင်ခဲ့ပါတယ်။