The network connection is lost.

Banner Image

ဒုတိယပိုင်း comebackနဲ့အတူ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက် ၃ - ၂ ရိုးမား (ပွဲပြီးရလဒ်)

ယူနိုက်တက်အသင်းက ပထမပိုင်းအတွင်း အတော်လေးဆိုးရွားတဲ့ပုံစံတွေနဲ့အတူ နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယပိုင်း comebackနဲ့အတူ အိမ်ကွင်းမှာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

ရိုးမားက ပထမပိုင်းအတွင်း အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ကစားအားကျသွားခဲ့ပြီး ယူနိုက်တက်ကို ယှဉ်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် အဘက်ဘက်ကနေ ဖိအားတွေများနေတဲ့ နည်းပြကာရစ်ကတော့ ချန်ပီယံလိဂ်မှာ နိုင်ပွဲပြန်ရှာနိုင်ခဲ့ပြီး ဖိအယးတွေကို လျှော့ချနိုင်ခဲ့ပါတယ်။