The network connection is lost.

Banner Image

ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ကာရစ်နဲ့အနာဂတ်နဲ့ပတ်သက်လို့ ယူနိုက်တက် ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရှိ

ယမန်နေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမဲ့ ရိုးမားနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် မိုက်ကယ်ကာရစ် ဆက်လက်တာဝန်ယူသွားဖို့ မျှော်လင့်ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

သရဲနီတွေက အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၁၃ ပွဲကစားပြီးချိန် နှစ်ပွဲသာ အနိုင်ရရှိထားပြီး ကာရစ်ရဲ့ယူနိုက်တက်နည်းပြကံကြမ္မာလည်း အဆုံးသတ်ဖို့ သေချာသလောက် ဖြစ်လာပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ခရီးစဉ်အတွက် အသက် ၄၅ နှစ်အရွယ်နည်းပြက သူ့ရဲ့ကစားသမားတွေဆီမှ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတစ်ခု အလွန်အမင်း လိုအပ်နေခဲ့ပြီး ပထမပိုင်းမှာတော့ သူလိုချင်တဲ့အရာကို ရရှိမယ့်ပုံစံမျိုး ပေါ်ပေါက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒုတိယပိုင်းမှာတော့ အရာအားလုံး ပြိုပျက်သွားခဲ့ပါတယ်။ လီဆန်ဒရိုမာတီနက်ဇ်က ဝီစလေဖိုဖာနာအပေါ် အဓိပ္ပာယ်မဲ့ဖျက်ထုတ်မှုပုံစံကြောင့် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပြီး ပယ်နယ်တီပါ ခွင့်ပြုပေးလိုက်ရပါတယ်။

ဒီပင်နယ်တီကို ကိုးလ်ပယ်လ်မာက အမှားအယွင်းမရှိအဆုံးသတ်ပြီး ချဲလ်ဆီးအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးနဲ့အတူ အလွန်လိုအပ်နေတဲ့ အဖိုးတန်အနိုင်သုံးမှတ်ကို ရယူပေးခဲ့ပါတယ်။

အခုတော့ TalkSport ရဲ့ဖော်ပြချက်အရ နိုဝင်ဘာ ၃ ရက်၊ ရိုးမားနဲ့ယှဉ်ပြို်ငကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ယူနိုက်တက်ရဲ့နည်းပြခုံတန်းမှာ ကာရစ်ဆက်ရှိနေဖို့ မျှော်လင့်ရတယ်လို့ သိရပါတယ်။

လာမယ့်နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင်အထိ ကာရစ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ကလပ်အသင်းဘက်က ဆုံးဖြတ်ချက်တစုံတရာ ချမှတ်သွားဖို့ မရှိသေးဘူးလို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

ကာရစ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာနိုင်သူတွေအဖြစ် ကွန်တီ၊ နာဂယ်လ်စ်မန်းနဲ့ အက်ဒီဟိုဝီတို့လို နည်းပြတွေ ရေပန်းစားနေပါတယ်။