The network connection is lost.

Banner Image

ကိုဗင်ထရီကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆန်းဒါးလန်းရဲ့ ထပ်ခါတလဲလဲ အမှားကျူးလွန်မှုတွေအပေါ် ဇာခါ ပြင်းပြင်းထန်ထန်ဝေဖန်

လွန်ခဲ့တဲ့စနေနေ့၊ ကိုဗင်ထရီစီးတီးကို ၃-၁ ဂိုးဖြင့် စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဆန်းဒါးလန်းကွင်းလယ်လူဇာခါက သူ့အသင်းရဲ့ ထပ်ခါတလဲလဲကျူးလွန်နေတဲ့ အမှားအယွင်းတွေနဲ့ပတ်သက်လို့ စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီပွဲစဉ်အတွက် အသေအချာပြင်ဆင်လာခဲ့ပေမဲ့ အခြေခံကျတဲ့ အရာတွေကို ကောင်းကောင်းမွန်မွန် မလုပ်ဆောင်နိုင်ခဲ့လို့ ဆန်းဒါးလန်းတို့ အပြစ်ပေးခံခဲ့ရတယ်လို့ ဆွစ်ဇာလန်လက်ရွေးစင်ကစားသမားက ဝန်ခံခဲ့ပါတယ်။

ကလပ်အသင်းရဲ့ဝက်ဘ်ဆိုဒ်ဆီ သူက "ဒါကို လက်ခံဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ သေချာပြင်ဆင်ခဲ့ကြသလို ယုံကြည်မှုအပြည့်နဲ့ ဒီကို လာခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောဆိုထားတဲ့ အရာတွေကို လက်တွေ့မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ ဘယ်ပွဲစဉ်ကိုမှ အနိုင်ရဖို့ဆိုတာ အခွင့်အရေး မရှိပါဘူး"

"ကျွန်တော်တို့ဘက်က အမှားတွေ အရမ်းများလွန်းပါတယ်။ အခြေခံကျတဲ့ အရာတွေကိုမှ မလုပ်နိုင်ရင်တော့ ကျန်တာအားလုံးကို မေ့ပစ်လိုက်ပါတော့" လို့ ပြောပါတယ်။

ပရိသတ်တွေကြား စိတ်ပျက်မှုတွေ မြင့်တက်လာနေတာကို အသိအမှတ်ပြုခဲ့ပေမဲ့ ဇာခါကတော့ သူ့ရဲ့အသင်းဖော်တွေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆက်ရှိနေကြဖို့နဲ့ ရလဒ်ကောင်းတွေ ပြန်လည်ရရှိစေရေး အာရုံစိုက်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

"ပရိသတ်တွေအတွက် အရမ်းခက်ခဲပါတယ်၊ သူတို့ စိတ်ပျက်နေကြတာကို ကျွန်တော် သိသလို ကျွန်တော်တို့အတွက်လည်း အတူတူပါပဲ"

"ကျွန်တော်တို့ စည်းစည်းလုံးလုံး ရှိနေဖို့ လိုအပ်သလို အချင်းချင်းလည်း ယုံကြည်မှု ထားရှိရပါမယ်။ လူတိုင်းရဲ့အင်အားကို ကျွန်တော်တို့ လိုအပ်ပြီး ကျွန်တော်တို့ ပြန်လည်ရုန်းထလာနိုင်မယ်လို့လည်း ယုံကြည်ပါတယ်" လို့ သူက ဆိုပါတယ်။