အမ်းမရိတ်စ်နိုင်ပွဲနဲ့အတူ မန်စီးတီးကို အနီးကပ်ဖိအားပေးနေတဲ့ အာဆင်နယ်
အာဆင်နယ် ၂-၀ အဲဗာတန် (ပွဲပြီးရလဒ်)
အစောပိုင်းမှာ အမှတ်ပေးဇယားဦးဆောင်သူမန်စီးတီး ရှုံးပွဲကြုံတွေ့ပြီးနောက် အာဆင်နယ်က အိမ်ကွင်းပရိသတ်ရှေ့မှောက် ဖိဖိစီးစီးနဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ကစားသွားခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းပွဲချိန်မှာ ကွန်ဆာ၊ ဒုတိယပိုင်းပွဲချိန်မှာ မာဂယ်လ်ဟေးစ်တို့က သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ မန်စီးတီးနဲ့ရမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။