ဂျာမန်မြေမှာ ဘိုင်ယန်မြူးနစ်ဆီကနေ အမှတ်ခွဲယူနိုင်ခဲ့တဲ့ အာဆင်နယ်
ဘိုင်ယန်မြူးနစ် ၂ - ၂ အာဆင်နယ် (ပွဲပြီးရလဒ်)
နှစ်သင်းစလုံး ဒဏ်ရာပြဿနာတွေနဲ့ မပါနိုင်တဲ့ ကစားသမားတွေရှိနေတာကြောင့် လူစုံတက်စုံမကစားနိုင်ခဲ့ကြပေမဲ့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေပေးသွားခဲ့ကြပါတယ်။
တောင်ပံမှာ ဒဏ်ရာပြဿနာတွေရှိနေတဲ့ အာဆင်နယ်က ဆာကာ ဒဏ်ရာထပ်ရသွားလို့ တိုက်စစ်ဆင်ရာမှာ အားနည်းချက်တွေရှိခဲ့ပေမဲ့ ရမှတ်တစ်မှတ်ကိုတော့ ရအောင်ယူသွားနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကလည်း ကင်မစ်ရှ်၊ အိုလီစီတို့ မပါဝင်နိုင်မှုနဲ့အတူ နည်းပြ ကွန်ပနီလည်းဖျားနေတဲ့အခြေအနေကြောင့် ခြေစွမ်းအပြည့်အ၀ ထုတ်ပြနိုင်ခြင်းမရှိဘဲ သရေတစ်မှတ်နဲ့ ကျေနပ်လိုက်ရပါတယ်။