The network connection is lost.

Banner Image

ဥရောပထိပ်တန်းကလပ်အသင်းနှစ်ခုရဲ့စိတ်ဝင်စားမှုရှိနေချိန် ယူနိုက်တက်မှ ထွက်ခွာဖို့ လိုလားနေတဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က အသင်းမှထွက်ခွာဖို့ ဆန္ဒရှိနေပြီး သူ့ရဲ့အခြေအနေကို ဥရောပကလပ်အသင်းတွေ စောင့်ကြည့်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၃၂ နှစ်အရွယ်ကစားသမားက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုစံချိန်သစ်(၂၁ ကြိမ်) တင်နိုင်ခဲ့သလို ယူနိုက်တက်ကိုလည်း အမှတ်ပေးဇယားတတိယနေရာမှာ ရာသီသိမ်းနိုင်အောင် အံ့အားသင့်ဖွယ် ကူညီပေးခဲ့ပါတယ်။

ဒါပေမဲ့ အခုဘောလုံးရာသီမှာတော့ ဖာနန်ဒက်စ်ရော ကလပ်အသင်းပါ အရင်လို ခြေစွမ်းကောင်းတွေ ပြန်လည်ပြသဖို့ဖို့ ရုန်းကန်နေရပြီး ကစားသမားကိုယ်တိုင် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးလာနေပြီလို့ Fanatik သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း သူက မန်ချက်စတာယူနိုက်တက်မှ မထင်မှတ်ထားတဲ့ ထွက်ခွာမှုမျိုး ဖြစ်ပေါ်လာစေဖို့ တွန်းအားပေး လုပ်ဆောင်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကာလမှာလည်း ဂါလာတာစာရေးက ပေါ်တူဂီလက်ရွေးစင်ကစားသမားကို စိတ်ဝင်စားခဲ့ဖူးလို့ နောက်တစ်ကြိမ်ချဉ်းကပ်လာဖွယ် ရှိပေမဲ့ ဘာစီလိုနာနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်သွားရဖွယ် ရှိပါတယ်။