လိဒ်စ်နဲ့သရေထပ်ကျပြီး ခြောက်ပွဲဆက်နိုင်ပွဲပျောက်မှတ်တမ်းကို ပိုင်ဆိုင်သွားတဲ့ ယူနိုက်တက်
လိဒ်စ်ယူနိုက်တက် ၁ - ၁ ယူနိုက်တက် (ပွဲပြီးရလဒ်)
ယူနိုက်တက်အသင်းက ယနေ့ညမှာလည်း အားရဖွယ် ခြေစွမ်းမျိုး ပိုင်ဆိုင်ခဲ့ခြင်းမရှိသလို ကာရစ်ရဲ့ ကွင်းလယ်အသားပေး ကစားဟန်ကလည်း အလုပ်မဖြစ်ခဲ့တာကို တွေ့ရပါတယ်။
ကွင်းလယ်ကစားသမားတွေအများကြီးပါပေမဲ့ ဘောလုံးက လိဒ်စ်ရဲ့ခြေထဲမှာသာ အချိန်ကုန်တာများနေပြီး အမ်ဘွေမိုရဲ့သွင်းဂိုးတစ်ကြိမ်လောက်သာ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
လိဒ်စ်က အခွင့်အရေးတွေအများကြီးရခဲ့ပေမဲ့ တိုက်စစ်မှူးတွေ အဆုံးသတ်ပိုင်း အားနည်းခဲ့သလို ယူနိုက်တက်ဂိုးသမား လန်မန်းရဲ့ကာကွယ်မှုတွေကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။