The network connection is lost.

Banner Image

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဒုတိယမြောက်နိုင်ပွဲ ရရှိခဲ့တဲ့ ဘုန်းမောက်

ဘုန်းမောက် ၃-၀ စတန်ဂရက်ဇ် (ပွဲပြီးရလဒ်)

အခုဘောလုံးရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲကို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဥရောပအဆင့်ပြိုင်ပွဲအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဘုန်းမောက်က ဆိုစီဒက်ကို အုပ်စုအဖွင့်အဝေးကွင်းမှာ အနိုင်ယူပြီးနောက် အခုအိမ်ကွင်းပွဲစဉ်မှာလည်း ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်ပြီးခါနီးမှာ အီဗန်နယ်လ်ဆင်က ဘုန်းမောက်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာလည်း အိမ်ရှင်တွေကပဲ ပြိုင်ဘက်ကို ဆက်လက်ဦးဆောင်ကစားခဲ့ပြီး လူစားဝင်ကစားသမားရာယန်ရဲ့သွင်းဂိုး၊ တိုက်စစ်မှူးရိုဒရီဂွတ်ဇ်ရဲ့ နာကျင်အချိန်ပိုပင်နယ်တီသွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။