The network connection is lost.

Banner Image

ချန်ပီယံလိဂ်မှာ ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ အက်စတွန်ဗီလာအသင်း တိုးတက်ဖို့ လိုအပ်သေးကြောင်း အူနိုင်းအမ်မရီ ပြောကြား

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ချန်ပီယံလိဂ် ပွဲစဉ်မှာ ဖီနာဘာချီအသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ သမိုင်းဝင် ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပေမဲ့ အသင်းအနေနဲ့ ဒီထက်ပိုပြီး တိုးတက်လာဖို့ လိုအပ်နေသေးတယ်လို့  ယုံကြည်နေပါတယ်။

ဒီနိုင်ပွဲဟာ အက်စတွန်ဗီလာအသင်းအတွက် ဥရောပပြိုင်ပွဲကြီးတွေမှာ အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲ ဖြစ်သလို နည်းပြ အမ်မရီ လက်ထက် ပြိုင်ပွဲစုံမှာလည်း ဂိုးအပြတ်ဆုံး နိုင်ပွဲတစ်ပွဲ ဖြစ်လာခဲ့ပါတယ်။

အခုလို အံ့အားသင့်ဖွယ် ရလဒ်ကောင်းရခဲ့ပေမဲ့ အမ်မရီက တိုးတက်အောင် လုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ 

 အမ်မရီက "ခြုံပြောရရင်တော့ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲပါ။ ဒါပေမဲ့ တိုးတက်အောင် လုပ်ရမယ့် အရာတွေ ရှိနေပါသေးတယ်"

"ဒါက ကျွန်တော်တို့အတွက် အားရစရာ ရလဒ်ကောင်းတစ်ခုပါ။ ဖီနာဘာချီအသင်းအနေနဲ့ ခြောက်ဂိုးအထိ ပေးရလောက်အောင် မထိုက်တန်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်ချီတက်သွားရပါမယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် ယုံကြည်မှုတွေ တိုးပွားစေပါတယ်။ တခြားကစားသမားတွေလည်း ယုံကြည်မှုနဲ့ ပွဲကစားချိန်တွေ ရရှိစေဖို့အတွက် လူစားလဲမှုတချို့ လုပ်ခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့တာတွေက တကယ်ကို အံ့မခန်းပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ အရမ်းခက်ခဲပါတယ်" လို့ ဆိုပါတယ်။