The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်း ဒီထက်ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ မာရက်စ်ကာ ပြောကြား

မန်စီးတီးနည်းပြ အန်ဇိုမာရက်စ်ကာက ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ ကစားပုံအရ ဒီထက် ပိုကောင်းတဲ့ ရလဒ်တစ်ခု ရရှိဖို့ ထိုက်တန်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အသင်းကနေ ထွက်ခွာသွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲလာကြည့်ခဲ့တဲ့ နည်းပြဟောင်း ပက်ဂွါဒီယိုလာရဲ့ ရှေ့မှောက် အိမ်ကွင်းမှာပဲ မန်စီးတီးက ဂိုးပြတ်အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲအပြီးမှာ မာရက်စ်ကာက "ပထမဂိုး မပေးရခင်အထိ ကျွန်တော်တို့ ကောင်းကောင်း စတင်နိုင်ခဲ့ပါတယ်၊ အဲဒီနောက် တစ်မိနစ်အကြာမှာပဲ ဒုတိယဂိုး ထပ်ပေးလိုက်ရတာပါ" 

"အဲဒီအချက်က စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အများကြီး ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး ဒီထက်ပိုကောင်းတဲ့ ရလဒ်တစ်ခုနဲ့ ထိုက်တန်ခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရရင် နည်းနည်းတော့ ထူးဆန်းနေခဲ့တာပါ။ ပထမဂိုး မပေးရခင်အထိ ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့သလို ပွဲအတွင်းမှာလည်း အသာစီးရနေခဲ့ပေမဲ့ ပထမဂိုးနဲ့ ဒုတိယဂိုးတွေ ဆက်တိုက်ပေးလိုက်ရပါတယ်။ အဲဒီနောက် ကျွန်တော်တို့ အပြောင်းအလဲတချို့ လုပ်ခဲ့ပြီး ဒီထက်ပိုကောင်းတဲ့ ရလဒ်ရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်"

"ဖိအားပေး ကစားတဲ့အပိုင်းကို နည်းနည်း ပြင်ဆင်ခဲ့ပေမဲ့ အသင်းရဲ့ ဟန်ချက်နည်းနည်း ပျက်သွားခဲ့တယ်လို့ ထင်ပါတယ်။ ပထမပိုင်းမှာ ၃ဂိုးပြတ်ရှုံးနေပေမဲ့ ဒုတိယပိုင်းမှာ ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေး အရေအတွက်အရ ကျွန်တော်တို့ ဒီထက်ပိုရလဒ်ကောင်းသင့်ပါတယ်။ ပွဲအပြီးမှာ လူးဝစ်အင်းနရစ်ကိုယ်တိုင်ကလည်း ဒီနေ့ပွဲမှာ သူတို့ တော်တော်လေး ကံကောင်းခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ဖို့လိုသလို အသင်းရဲ့ ဟန်ချက်မပျက်သွားဖို့လည်း လိုအပ်ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။