The network connection is lost.

Banner Image

အဲဗာတန်အတွက် ဥရောပပြိုင်ပွဲဝင်ခွင့်အကြောင်း ပြောဆိုမှုတွေကို ပိတ်ပင်လိုက်တဲ့ မိုယက်စ်

အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်က သူ့အသင်းအတွက် အခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ စံချိန်တင်ထားနိုင်ပေမဲ့လည်း ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိရေးနဲ့ပတ်သက်တဲ့ ပြောဆိုမှုတွေကိုတော့ ပိတ်ပင်လိုက်ပါတယ်။
 
အဲဗာတန်က အိမ်ကွင်းဟေးလ်ဒစ်ကင်ဆန်မှာ ကစားသမားတစ်ဦးလျော့အစ်ဆွစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး စနေညပိုင်းပွဲစဉ်တွေအပြီး အမှတ်ပေးဇယားအဆင့်-၅ နေရာအထိ တက်လှမ်းလာပါတယ်။
 
အခုလို ရာသီအစကာလသာ ရှိနေသေးပေမဲ့ မိုယက်စ်ရဲ့အသင်းကတော့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိနိုင်မယ့် လမ်းကြောင်းအပေါ် ရောက်ရှိလာနေပါတယ်။

ဒါပေမဲ့ ရှည်ရှည်ဝေးဝေး ကြိုတင်မတွေးထားတတ်တဲ့ မိုယက်စ်ကတော့ ဒီအခွင့်အရေးနဲ့ပတ်သက်လို့ အခုနှစ်ထဲမှာ စကားအဖြစ်တောင် ထည့်မပြောပါဘူးလို့ ဖြေကြားခဲ့ပါတယ်။

မိုယက်စ်က "ကျွန်တော်တို့ ဒီနှစ်မှာ အဲဒီစကားလုံးတွေကို မသုံးပါဘူး" လို့ ပြတ်ပြတ်သားသား ပြောပါတယ်။ "အထူးသဖြင့် မီဒီယာတွေရှေ့မှာတော့ လုံးဝမပြောပါဘူး၊ ဒါတော့ သေချာပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဆက်လက်ပြင်ဆင်နေဆဲကာလ ဖြစ်လို့ပါ"
 
"ပြီးခဲ့တဲ့နှစ်တုန်းကတော့ အဲဒီစကားလုံးတွေကို ပြောရတာ ပျော်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်ဆောင်ခဲ့လဲဆိုတာ စဉ်းစားကြည့်ရင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ကျွန်တော် ရောက်လာချိန် တန်းဆင်းရမယ့် အန္တရာယ်ရှိနေခဲ့ပြီး အဲဒီကနေ ရုန်းထွက်ကာ နိုင်ပွဲတွေရယူခဲ့တယ်။ ကစားသမားသစ် ၁၂ ဦး၊ ၁၃ ဦးလောက် ခေါ်ယူခဲ့တယ်။ ဒါပေမဲ့ ကစားသမားတွေက အရမ်းကောင်းအောင် လုပ်ဆောင်နိုင်ခဲ့လို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်လို့ စတင်ယုံကြည်လာခဲ့ပြီး အဲဒီလိုမျိုး ပြောဆိုနိုင်ခဲ့တာပါ" လို့ ဆိုပါတယ်။