The network connection is lost.

Banner Image

ဘင်ဖီကာတိုက်စစ်မှူးအီဗန်နိုဗစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ လန်းစ်

ပြင်သစ်လီဂူးဝမ်းကလပ် လန်းစ်အသင်းက ခရိုအေးရှားတိုက်စစ်မှူးဖရန်ဂျိုအီဗန်နိုဗစ်ကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်ဖြင့် ခေါ်ယူဖို့ အတော်လေး နီးစပ်နေပါပြီ။

Foot Mercato ရဲ့ဖော်ပြချက်အရ အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့အပြောင်းအရွှေ့အတွက် လန်းစ်နဲ့ ဘင်ဖီကာအကြား သဘောတူညီမှု အပြည့်အ၀ရရှိသွားပြီလို့ သိရပါတယ်။ ဒီတိုက်စစ်မှူးကိုခေါ်ယူဖို့ လာဇီယိုလည်း စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ အီဗန်နိုဗစ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်မယ့် ပြင်သစ်မြောက်ပိုင်းအခြေစိုက်ကလပ်အသင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။

အီဗန်နိုဗစ်က ပြီးခဲ့တဲ့နွေရာသီမှာ ယူနီယံစိန့်ဂီလွိုက်အသင်းမှ ဘင်ဖီကာဆီ ပြောင်းရွှေ့လာခဲ့ပြီး ပေါ်တူဂီမြေဗွေဆော်ဦးဘောလုံးရာသီကို အတက်အကျများစွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။ သူက ဘင်ဖီကာအတွက် ၄၂ ပွဲပါဝင်ကစားကာ ရှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ခဲ့ပေမဲ့ ဒီပွဲစဉ်တွေအနက် ၁၅ ပွဲပဲ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

ဒီတိုက်စစ်မှူးက မိုက်ကယ်ကွီဆန့်စ်၊ သော်ဂန်ဟာဇက်၊ မစ်ကယ်စကောရတ်စ်၊ မိုက်နော့ရော့ကီနဲ့ ယာဆင်တီထရာဝီတို့ပြီးရင် လန်းစ်အသင်းရဲ့ အခုနွေရာသီဆဋ္ဌမမြောက် ကစားသမားသစ် ဖြစ်လာပါလိမ့်မယ်။