The network connection is lost.

Banner Image

လာမယ့်ပွဲစဉ်တွေအတွက် အင်အားတိုးချဲ့ထားတဲ့ ဂျာမနီလက်ရွေးစင်အသင်းလူစာရင်းကို ထုတ်ပြန်သွားနိုင်တဲ့ ယာဂန်ကလော့ပ်

ယာဂန်ကလော့ပ်က ဂျာမနီအသင်းရဲ့နေးရှင်းလိဂ်ပွဲစဉ်လေးခုအတွက် ကစားသမားအရေအတွက် သိသိသာသာတိုးချဲ့ထားတဲ့ လူစာရင်းတစ်ခုကို ရွေးချယ်သွားဖို့ အလေးအနက် စဉ်းစားနေပါတယ်။

Sky Germany ရဲ့အဆိုအရ အခုအစီအစဉ်ရဲ့နောက်ကွယ်မှာ နှစ်ပတ်တာကာလအတွင်း ဖြစ်နိုင်သမျှ ကစားသမားအရေအတွက်များများစားစား လေ့လာစောင့်ကြည့်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။


လက်ရွေးစင်အသင်းလူစာရင်းရဲ့အရွယ်အစားအတိအကျကို အပြီးသတ်မဆုံးဖြတ်ရသေးသလို ဒုတိယပွဲစဉ်အပြီး ကစားသမားအလဲအလှယ် ပြုလုပ်သွားမလားဆိုတာလည်း မဆုံးဖြတ်ရသေးပါဘူး။
 
ဒါကြောင့် အသင်းကို အုပ်စုနှစ်ခုအဖြစ် ခွဲထုတ်သွားဖွယ်ရှိပြီး အုပ်စုတစ်ခုစီကို ပွဲစဉ်နှစ်ခုမှာ တာဝန်ပေးကစားသွားစေဖို့ ရည်ရွယ်နေပါတယ်။
 
စည်းမျဉ်းအရ ကလော့ပ်အတွက် ကစာသမားအရေအတွက် စိတ်ကြိုက်ခေါ်ယူခွင့် ရှိထားပေးမဲ့ ပွဲစဉ်တစ်ခုမတိုင်ခင် ကစားသမား ၂၃ ဦးပါ လူစာရင်းကို တင်ပြသွားရပါလိမ့်မယ်။
 
ဒါ့အပြင် ဒီတင်ပြလာတဲ့ကစားသမား ၂၃ ဦးစာရင်းမှာ ဂိုးသမားသုံးဦးလည်း မဖြစ်မနေ ပါဝင်ရပါမယ်။ လူစာရင်းကိုတော့ စက်တင်ဘာ ၁၇ ရက်မှာ ကြေညာသွားပါလိမ့်မယ်။
 
Sky Germany ရဲ့ခန့်မှန်းချက်တွေအရ ယာဂန်ကလော့ပ်ရွေးချယ်ဖွယ်ရှိတဲ့ တိုးချဲ့ကစားသမားများစာရင်းကို အောက်တွင် ဖော်ပြထားပါတယ်။
 
**ကလော့ပ်ရွေးချယ်ဖွယ်ရှိတဲ့ ခန့်မှန်းကစားသမားများ စာရင်း -**
 
ဂိုးသမားများ: ဘောင်မန်း၊ အာဘစ်၊ အာတူဘိုလူ၊ ဒါမန်၊ တာစတီဂန် ၊ နူဘယ်လ်၊ ဘတ်ခ်ဟောက်စ်၊ ကာရီးယက်စ်
 
ဘယ်နောက်ခံလူများ: ဘရောင်း၊ မစ်တယ်လ်စတက်၊ ရာအွမ်၊ ဂိုဆန်စ်၊ ဘာဟန်းစ်
 
ညာနောက်ခံလူများ: ဘာကူ၊ ဗက်ဂ်နိုမန်၊ ထရီအူ၊ ဘန့်ခ်၊ ဘာအွမ်
 
ဗဟိုနောက်ခံလူများ: ဂျိုနသန်တာ၊ ရှလော့တာဘတ်ချ်၊ အန်တွန်၊ ဘစ်ဆက်ခ်၊ သီအော၊ ဂင်တာ၊ ချာဘော့၊ ဂျန်ချ်၊ ကို့ချ်၊ ကူလီဘာလီ
 
ကွင်းလယ်လူများ: ကင်မစ်ချ်၊ အမ်မီချာ၊ ပက်ဗ်လိုဗစ်၊ စတီလာ၊ ဘစ်ရှော့ဖ်၊ ကာဒီ၊ အယ်လ်ဖာအူဇီ၊ ဂရော့စ်၊ စတက်ခ်၊ ပရိုမဲ၊ အက်ဂ်စတိန်း၊ မာလင်ရိုးဂျ်၊ ရမ်ဘတ်ချ်
 
ကွင်းလယ်တိုက်စစ်/တောင်ပံကစားသမားများ: မူစီယာလာ၊ ဖလော်ရီယန်ဝစ်ဇ်၊ ကားလ်၊ အာမီရီ၊ လီဝယ်လင်း၊ အယ်လ်မာလ၊ ဂရူဒါ၊ အဒီယီမီ၊ ရှာဒီ၊ ဂနာဘရီ၊ ဖူရစ်ချ်၊ ခရတ်တင်မာချာ၊ ဆာနေး
 
တိုက်စစ်မှူးများ: ကိုင်ဟားဗက်ဇ်၊ အန်ဒက်ဗ်၊ ပက်ဂျ်စီနိုဗစ်၊ ဘာကတ်၊ ထရီဆိုလ်ဒီ၊ အက်ဘ်နူတာလစ်၊ တီယက်ဇ်၊ ဘိုင်ယာ၊ ဝေါ်လ်တီမိတ်၊ လမ်ပါလီ၊ ဘရွန်နာ