The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆန်ကာတင်စာရင်းမှ ချန်လှပ်ခံရမှုအကြောင်း မဆွေးနွေးဘဲ ဘာစီလိုနာအတွက်သာ အာရုံစိုက်ထားတဲ့ ရာဖင်ဟာ

ဒီနေ့မနက်ပိုင်း၊ ဖီယင်နုကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ဘာစီလိုနာတိုက်စစ်မှူးရာဖင်ဟာက လတ်တလောကြုံတွေ့ထားရတဲ့ ဘော်လွန်းဒီအော်ဆန်ကာတင်စာရင်းမှ ချန်လှပ်ခံရမှုအကြောင်းကို ဆွေးနွေးပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီစျေးကွက်အတွင်း ဂျူလီယန်အယ်လ်ဗာရက်ဇ် မရောက်ရှိလာလို့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မြှားဦးမှာ တာဝန်ယူပေးနေရတဲ့ အသက် ၂၉ နှစ်အရွယ်ကစားသမားက ဘောလုံးရာသီစတင်လာချိန်မှာပဲ အကောင်းဆုံးခြေစွမ်း ပြသလျက်ရှိပါတယ်။
 
ရာဖင်ဟာက ဖီယင်နုကို အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူမှု အပါအဝင် အခုရာသီ၊ ပြိုင်ပွဲစုံ ငါးပွဲကစား၊ ရှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားပါတယ်။ 

သူက အခုလိုအကောင်းဆုံးခြေစွမ်းတွေကို ဘော်လွန်းဒီအော်ဆန်ကာတင်ကစားသမား ၃၀ ဦးစာရင်းထွက်ပေါ်လာပြီး နောက်တစ်ရက်မှာလည်း ထပ်မံပြသခဲ့ပါတယ်။

ဘော်လွန်းဒီအော်ဆုနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ရာဖင်ဟာက "ကျွန်တော်တော့ ဘော်လွန်းဒီအော်ဆုအကြောင်း မပြောချင်ပါဘူး။ အခုအချိန်မှာ အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေတဲ့ ဘာစီလိုနာအကြောင်းပဲ ပြောချင်ပါတယ်"
 
"ကျွန်တော်ကတော့ ဂိုးတွေသွင်းယူနိုင်ဖို့အတွက်ပဲ ကြိုးစားလုပ်ဆောင်နေပါတယ်" လို့ Movistar+ ဆီ ပြန်လည်ဖြေကြားခဲ့ပါတယ်။