The network connection is lost.

Banner Image

အဲဗာတန်အသင်းပိုင်ရှင်တွေနဲ့ တစ်ကြိမ်တစ်ခါမှ စကားမပြောဖူးဘူးလို့ ဖွင့်ဟလာတဲ့ ဒေးဗစ်မိုယက်စ်

ဒေးဗစ်မိုယက်စ်ရဲ့ ရဲရဲဝံ့ဝံ့ဖွင့်ဟပြောကြားမှု ထွက်ပေါ်လာပြီးနောက် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်ပိုင်းအတွင်း အဲဗာတန်အသင်းရဲ့ထူးခြားလှတဲ့ လှုပ်ရှားမှုတွေက ပုံစံသစ်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရပါတယ်။

အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းဖို့ နီးကပ်လာချိန်အထိ ဟေးလ်ဒစ်ကင်ဆန်ကွင်းဆီ ကစားသမားသစ်တွေ ဝင်ရောက်လာမှုမရှိခြင်းအပေါ် ပရိသတ်တွေ ဒေါသထွက်နေချိန်မှာပဲ အဲဗာတန်က ပတ်တာဆန်၊ အန်ဒီယာရီ၊ အီရိုဘူနမ်နဲ့ ဘီတိုတို့လို ကစားသမားတွေကို ရောင်းချခဲ့ပါတယ်။

တဖက်မှာလည်း အဲဗာတန်ဆီ ဂျက်ဂရီးလစ်ရဲ့နောက်ထပ်တစ်ကြိမ်အငှားဖြင့် ပြန်လည်ပူးပေါင်းလာခဲ့သလို လိုင်ယွန်အသင်းမှ အာဆင်နယ်နောက်ခံလူဟောင်းမစ်လန်နိုင်းစ်ကိုလည်း အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးအချိန်မှာ ဘာလိုဂန်ကိုခေါ်ယူမယ့်အစီအစဉ် ပျက်ပြယ်သွားခဲ့လို့ လာမယ့်လတွေအတွင်း မိုယက်စ်ရဲ့တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာတွေ ရှားပါးလာပါတယ်။

အခုနွေရာသီအတွင်း အဲဗာတန်အသင်းပိုင်ရှင်တွေဖြစ်တဲ့ The Friedkin Group အပေါ် စောင့်ကြည့်မှုတွေ အများကြီး ရှိခဲ့ပြီး မိုယက်စ်ကိုယ်တိုင်လည်း မာဆေးဆိုဒ်ဒေသမှာ သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်လို့ မသေချာသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။

"ကျွန်တော်ကိုယ်တိုင် အမှန်တကယ်ဆက်သွယ်ဆောင်ရွက်ရတဲ့သူက အမှုဆောင်အရာရှိချုပ် အန်ဂတ်စ်ကင်နီယာသာ ဖြစ်ပါတယ်။

အန်ဂတ်စ်ကိုတော့ ကျွန်တော် သွားတွေ့လေ့ရှိပါတယ်။ နောက်တစ်ဦးက ရီရှီဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အမေရိကန်မှာရှိတဲ့ Friedkin မိသားစုရဲ့အကြီးအကဲ ဖြစ်ပါတယ်။

ကျွန်တော့်ဆီမှာ သူတို့နဲ့ တိုက်ရိုက်စကားပြောဆိုခွင့် အမှန်တကယ်မရှိခဲ့ဖူးပေမဲ့ ရီရှီမှတဆင့် စကားပြောခဲ့ဖူးပါတယ်။ ရီရှီကသာ ကျွန်တော် စကားပြောရသူ ဖြစ်ပါတယ်" လို့ မိုယက်စ်က ဆိုပါတယ်။

အမေရိကန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင် ဒန်ဖရိုင်းကင် ဦးဆောင်တဲ့ The Friedkin Group က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပေါင်သန်း ၄၀၀ တန်ဖိုးရှိတယ်လို့ သဘောတူညီမှုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ကလပ်အသင်းရဲ့အစုရှယ်ယာ ၉၉ ဒဿမ ၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပါတယ်။