The network connection is lost.

Banner Image

အင်္ဂလန်ကလပ်အသင်းတွေ ငွေကြေးအမြောက်အများသုံးစွဲခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်

နွေရာသီအပြောင်းအရွှေ့ဈေးကွက် တရားဝင်ပိတ်သိမ်းသွားပါပြီ။

အင်္ဂါညပိုင်း၊ စျေးကွက်ရဲ့နောက်ဆုံးအချိန်က ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ မယုံကြည်နိုင်လောက်စရာ ငွေကြေးအပြိုင်အဆိုင်သုံးစွဲနေမှုကို အဆုံးသတ်စေခဲ့ပါတယ်။

အင်္ဂလန်ထိပ်သီးလိဂ်ရဲ့ကလပ်အသင်း ၂၀ ခုက လာမယ့်ဘောလုံးရာသီမှာ အသင်းလူစာရင်းပိုင်းအင်အားတောင့်တင်းစေဖို့ မျက်စိကျလောက်စရာငွေကြေးဖြစ်တဲ့ ပေါင် သုံးဘီလျံကျော်ကို သုံးစွဲခဲ့ပါတယ်။

အခုနွေရာသီမှာ ကစားသမားပြောင်းရွှေ့ကြေးသုံးစွဲမှု အများဆုံးကလပ်အသင်းကတော့ မန်စီးတီး ဖြစ်ပါတယ်။

မန်စီးတီးနည်းပြသစ်အန်ဇိုမာရက်စ်ကာက အာဆင်နယ်ရဲ့နှစ်နှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ကို ဟန့်တားဖို့အတွက် ပေါင် ၄၂၇ သန်းအထိ အသုံးပြုခဲ့ပါတယ်။

ဒီလို မန်စီးတီးရဲ့ငွေကြေးသုံးစွဲမှုကို ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့က ပေါင်သန်း ၃၀၀ ကျော်အထိ အသုံးပြုပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဇွန် ၁၅ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီနွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ကောင်းမွန်တဲ့ ကစားသမားသစ်စုဆောင်းမှုတချို့ ရှိခဲ့သလို မေးခွန်းထုတ်စရာ ခေါ်ယူမှုအချို့လည်း ရှိခဲ့ပြန်ပါတယ်။

ဒါကြောင့် နည်းလမ်းအမျိုးမျိုးနဲ့ အရှိန်အဟုန်ပြင်းထန်ခဲ့တဲ့ ရူးသွပ်ချင်စရာ နွေရာသီရဲ့ အကြီးမားဆုံးအပြောင်းအရွှေ့တွေအပေါ် ပြန်လည်သုံးသပ်ဖော်ပြထားတဲ့ SunSport ရဲ့သတင်းဆောင်ပါးကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။


**ဂိုးသမားများ**
အခုနွေရာသီရဲ့ဂိုးသမားခေါ်ယူမှုတွေအနက် စျေးအကြီးဆုံးခေါ်ယူမှုတစ်ခုကတော့ အက်စတွန်ဗီလာဂိုးသမားသစ်ဇီယွန်ဆူဇူကီးရဲ့အပြောင်းအရွှေ့ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ဂိုးသမားက အီတလီထိပ်သီးဂျူဗင်တပ်စ်ဆီ ရောက်ရှိဖို့ သေချာသလောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အက်စတွန်ဗီလာက ကြားဖြတ်ဝင်ရောက်လာပြီး ဂျပန်လက်ရွေးစင်ကို ပေါင်သန်း ၃၀ ဖြင့် ပါးမားဆီမှ ခေါ်ယူကာ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဆူဇူကီးက ကိုမိုအသင်းဆီ ရောက်ရှိသွားတဲ့ ရောဘတ်ဆန်းချက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးဆီ ထွက်ခွာသွားတဲ့ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားမာတီနက်ဇ်ရဲ့နေရာကို တိုက်ရိုက်ဝင်ရောက်သွားခဲ့ပါတယ်။

လီဗာပူးအသင်းလည်း ဂိုးသမားအသစ်အတွက် ငွေကြေးအသုံးပြုခဲ့ပြီး အလားအလာကောင်းတွေရှိနေတဲ့ အသက် ၁၈ နှစ်အရွယ်လူကာဘရုချ်မန်းစ်ကို ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူခဲ့ပါတယ်။

အာဆင်နယ်အသင်းက လိဒ်ဂိုးသမားဟောင်းမက်စလီယာကို ခေါ်ယူပြီး အသင်းရဲ့ ဂိုးသမားနေရာအတွက် အံ့အားသင့်ဖွယ်ဖြည့်တင်းမှု ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဂန်းနားတွေက အယ်လန်ရုဒ်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ ပြင်သစ်ဂိုးသမားအတွက် ပြောင်းရွှေ့ကြေး မကုန်ကျခဲ့ပါဘူး။

ဒါပေမဲ့ အခုနွေရာသီရဲ့ပြောင်းရွှေ့ကြေးအမြင့်မားဆုံးဂိုးသမားကတော့ မန်စီးတီးမှ လိဒ်ဆီ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဖြင့် ရောက်ရှိလာတဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ပဲ ဖြစ်ပါတယ်။


**နောက်ခံလူများ**
အခုနွေရာသီရဲ့အကြီးမားဆုံးခံစစ်ပိုင်းအပြောင်းအရွှေ့လှုပ်ရှားမှုကို လီဗာပူးအသင်း ပြုလုပ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ကြိုးကြာနီတွေက ပြီးခဲ့တဲ့ဇူလိုင်လအတွင်း အလားအလာကောင်းတွေပြသနေတဲ့ ဂျာရမီဂျာကွက်အတွက် ချဲလ်ဆီးကိုကျော်ဖြတ်ကာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းက ပြင်သစ်ယူ-၂၁ လက်ရွေးစင်ရဲ့ စွမ်းဆောင်ရည်တွေအတွက် ရန်းနက်စ်ဆီ ပေါင်သန်း ၆၀ ပေးချေဖို့ သဘောတူညီခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာတီတာလည်း ခံစစ်ပိုင်းအားဖြည့်ဖို့ ငွေကြေးအမြောက်အမြား အသုံးပြုခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဆာလီဘာဒဏ်ရာရရှိပြီးနောက် ခံစစ်ကို အားဖြည့်လိုတဲ့ စပိန်သားက အက်စတွန်ဗီလာကစားသမားကွန်ဆာကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် ပရီးမီးယားလိဂ်ချန်ပီယံတွေက ပေါင် ၅၅ အထိ ပေးချေခဲ့ရပါတယ်။

အာဆင်နယ်ရဲ့ခါးသီးမြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့လည်း ခံစစ်ပိုင်းအတွက် ငွေကြေးအလုံးအရင်း သုံးစွဲခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြသစ်အလွန်ဆိုက ခရစ္စတယ်ပဲလေ့စ်ဗဟိုခံစစ်မှူးလာခရော့စ်ကို ခေါ်ယူဖို့ ပေါင် ၅၂ သန်း သုံးစွဲခဲ့ပါတယ်။

အလားတူ တော့တင်ဟမ်ကလည်း ဘရိုက်တန်ရဲ့ဗန်ဟက်ကီကိုခေါ်ယူဖို့ ဒီငွေကြေးပမာဏအတိုင်း ပေးချေခဲ့ပါတယ်။

နောတင်ဟမ်ဖောရက်စ်ကတော့ စပို့တင်းလစ္စဘွန်းမှ ဒီအိုမန်ဒီကိုခေါ်ယူဖို့ ပေါင် ၃၄ သန်း အသုံးပြုခဲ့ပြီး စီတီးဂရောင်းကွင်းပရိသတ်တွေရဲ့မျှော်လင့်ချက်ကို မြင့်တက်စေခဲ့ပါတယ်။


**ကွင်းလယ်လူများ**
မန်ချက်စတာစီးတီးအသင်းက ပြီးခဲ့တဲ့လအတွင်း ဘာစီလိုနာဆီထွက်ခွာသွားတဲ့ ရိုဒရီရဲ့နေရာကို အစားထိုးဖို့အတွက် ငွေကြေးအမြောက်အများ အသုံးပြုခဲ့ပါတယ်။

မာရက်စ်ကာက နော်တင်ဟမ်ဖောရက်စ်ရဲ့အင်္ဂလန်လက်ရွေးစင်ကစားသမားအီလီယော့အန်ဒါဆန်ကို‌ ခေါ်ယူဖို့ ပေါင် ၁၁၆ သန်းအထိ သုံးစွဲခဲ့ပါတယ်။

ဒါပေမဲ့ သူတို့တွေက အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးအချိန်မှာ ချဲလ်ဆီးကြယ်ပွင့်အန်ဇိုဖာနန်ဒက်ဇ်အတွက် ပေါင် ၁၂၅ သန်းတန်သဘောတူညီမှု ပြုလုပ်ပြီး အစောပိုင်းစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်အန်ဒါဆန်နဲ့ အသက် ၂၅ နှစ်အရွယ်အန်ဇိုဖာနန်ဒက်ဇ်တို့က အီတီဟတ်ကွင်းမှာ ရှေရည်စာချုပ်တွေကို အသီးသီးချုပ်ဆိုခဲ့ကြပါတယ်။ 

အာဆင်နယ်ကလည်း တောင့်တင်းပြီးသားကွင်းလယ်ပိုင်းကို ပိုမိုအားကောင်းစေဖို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းအသုံးပြုကာ နယူးကာဆယ်အသင်းခေါင်းဆောင်ဟောင်းဂူမာယေးစ်ကို ခေါ်ယူခဲ့ပါတယ်။

ဒါပေမဲ့ နယူးကာဆယ်ကွင်းလယ်လူကို ဂန်းနားတွေခေါ်ယူမှုက ခါးသီးပြိုင်ဘက်တော့တင်ဟမ်ရဲ့တိုနာလီအတွက် ပေါင်သန်း ၁၀၀ သုံးစွဲမှုနဲ့နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး။

တော့တင်ဟမ်က နှစ်နှစ်ဆက်အမှတ်ပေးဇယားအဆင့်-၁၇ နေရာမှာ အဆုံးသတ်ခဲ့ရတဲ့ အခြေအနေကို ပြန်လည်ကောင်းမွန်စေဖို့အတွက် ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့်မာသီးယက်စ်ဖာနန်ဒက်ဇ်ကိုလည်း ပေါင် ၈၅ သန်းဖြင့် ထပ်မံခေါ်ယူခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကလည်း ဘရိုက်တန်နဲ့ အက်စတွန်ဗီလာတို့ဆီမှ ဘာလီဘာနဲ့ တိုင်လီမ်းစန်းစ်တို့ကို ခေါ်ယူအားဖြည့်ဖို့ ပေါင် ၁၀၅ သန်းအထိ အသုံးပြုခဲ့ပါတယ်။


**တိုက်စစ်မှူးများ**
ပြီးခဲ့တဲ့နွေရာသီလိုပဲ လီဗာပူးအသင်းက တိုက်စစ်ပိုင်းအတွက် ငွေကြေးသုံးစွဲမှုအများဆုံး ကလပ်အသင်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ အီဆက်ခ်ကိုခေါ်ယူဖို့ ဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်ခဲ့တဲ့ ကြိုးကြာနီတွေက အခုနွေရာသီမှာလည်း ပီအက်စ်ဂျီကြယ်ပွင့်ဘာကိုလာကို ခေါ်ယူဖို့ ပေါင် ၁၂၃ သန်းအထိ အသုံးပြုခဲ့ပါတယ်။

ချဲလ်ဆီးကတော့ အက်စတွန်ဗီလာကြယ်ပွင့်မော်ဂန်ရိုဂျာစ်ကို ပေါင် ၁၁၇ သန်းဖြင့် ခေါ်ယူကာ ဗြိတိန်အပြောင်းအရွှေ့သမိုင်းမှတ်တိုင်သစ် စိုက်ထူခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ကြောင့် မော်ဂန်ရိုဂျာစ်က အင်္ဂလန်ကစားသမားတွေအနက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမား ဖြစ်လာပါတယ်။

တော့တင်ဟမ်ကလည်း တိုက်စစ်ပိုင်းအတွက် မန်စီးတီးကစားသမားဆာဗင်ဟိုကို ပေါင် ၈၅ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

သူတို့က မန်စီးတီးဆီမှ အိုမာမာမွတ်ရှ်ကို ကနဦးအငှားအပြင် လာမယ့်နွေရာသီမှာ ပေါင်သန်း ၆၀ ဖြင့် အပြီးသတ်ခေါ်ယူသွားဖို့လည်း စီစဉ်လာပါတယ်။ ဒါ့အပြင် ချဲလ်ဆီးရဲ့မူဒရစ်ခ်ကိုလည်း အငှားဖြင့် ခေါ်ယူထားပါတယ်။

အက်စတွန်ဗီလာကလည်း အသင်းမှထွက်ခွာသွားတဲ့ အိုလီဝက်ကင်စ်ရဲ့နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးရဲ့နီကိုလပ်စ်ဂျက်ဆန်ကို ပေါင် ၆၅ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

မန်စီးတီးက အပြောင်းအရွှေ့စျေးကွက်ပိတ်ရက်နောက်ဆုံးအချိန်မှာ အဲဗာတန်ရဲ့အန်ဒီယာရီကို ဒီပမာဏအတိုင်းပေးချေပြီး ကြားဖြတ်ခေါ်ယူခဲ့ပါတယ်။

နောက်ထပ်အံ့အားသင့်စရာကောင်းတဲ့ စျေးနှုန်းမြင့်အပြောင်းအရွှေ့ကတော့ ဒီလပ်ပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးဆီ ပေါင်သန်း ၃၀ ဖြင့်ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်တစ်ဂိုးသာသွင်းယူခဲ့သူအတွက် နော်တင်ဟမ်ဖောရက်စ်က အခုနွေရာသီမှာ ပေါင်သန်း ၅၀ အထိ အသုံးပြုခဲ့ပါတယ်။

တချိန်တည်းမှာပဲ အာဆင်နယ်အသင်းက ဘရုဂျက်မှ ဇိုလစ်ကို ပေါင် ၃၄ သန်းဖြင့် ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အားဖြည့်ခဲ့ပါတယ်။


**ငွေကြေးသုံးစွဲမှုအပြင်းထန်ဆုံး**
အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်က သမိုင်းတစ်လျှောက်ရူးသွပ်ချင်စရာအကောင်းဆုံးအပြောင်းအရွှေ့ကာလတွေအနက် တစ်ခုအဖြစ် သတ်မှတ်ရပါလိမ့်မယ်။

ပေါင်သန်းရာချီအသုံးပြုဖို့ ဝန်မလေးခဲ့တဲ့ တော့တင်ဟမ်၊ ယမန်နှစ်ဘောလုံးရာသီ တစ်ဂိုးသာသွင်းယူနိုင်တဲ့ ဒီလပ်အတွက် အမြတ်အစွန်းရရှိအောင် ရောင်းချနိုင်ခဲ့တဲ့ ချဲလ်ဆီး၊ အန်ဒါဆန်အတွက် မန်စီးတီးရဲ့ ပေါင် ၁၁၆ သန်းပေးချေမှုတို့က အတော်လေးအံ့အားသင့်စရာ ကောင်းပါတယ်။

ဘောလုံးပရိသတ်တွေ သိကြတဲ့အတိုင်း ငွေကြေးအမြောက်အမြား အသုံးပြုတယ်ဆိုတာ အောင်မြင်မှုရရှိမယ်ဆိုတဲ့ အာမခံချက်ကို မဖြစ်ပေါ်စေနိုင်ပါဘူး။ သေချာပေါက်ပြောနိုင်တဲ့အချက်တစ်ခုကတော့ အချို့အသင်းတွေအတွက် မအောင်မြင်တဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေလည်း ရှိလာနိုင်ပါတယ်။