The network connection is lost.

Banner Image

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် ခေါင်းကိုက်စရာကစားသမားပွဲပယ်ပြစ်ဒဏ်သုံးခုနဲ့ ရင်ဆိုင်နေရတဲ့ မော်ရင်ဟို

ရီးရဲလ်မက်ဒရစ်က လာမယ့်စက်တင်ဘာ ၈ ရက်၊ ဘာနေဗျူးကွင်းမှာ အင်တာမီလန်ကို ဧည့်ခံကစားရင်း သူတို့ရဲ့ ၂၀၂၆-၂၀၂၇ ချန်ပီယံလိဂ်ပြိုင်ပွဲခရီးလမ်းကို စတင်သွားပါလိမ့်မယ်။

ရီးရဲလ်မက်ဒရစ်နည်းပြသစ်မော်ရင်ဟိုက ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေအဖြစ် သူ့ရဲ့အသင်းဟောင်းနဲ့ ရင်ဆိုင်ရဖို့ရှိသလို ရိုးမား၊ AEK အေသင်၊ အာဆင်နယ်၊ ရှက်တာဒိုးနက်တို့နဲ့ အဝေးကွင်းပွဲစဉ်တွေအပြင် လိုက်ပ်ဇစ်၊ ပီအက်စ်ဗွီ၊ LASK တို့ကိုလည်း အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါမယ်။

လတ်တလောမှာ‌ လာလီဂါရာသီအဖွင့်သုံးပွဲဆက် အနိုင်ရရှိထားတဲ့ မော်ရင်ဟိုက ကစားသမားသုံးဦးရဲ့ပွဲပယ်ပြစ်ဒဏ်တွေကြောင့် အင်တာမီလန်နဲ့ပွဲစဉ်မတိုင်ခင် အပြောင်းအလဲတွေပြုလုပ်ဖို့ ဖိအားရှိလာပါတယ်။

အာဒါဂူလာ၊ ကာမာဗင်ဂါနဲ့ ဘာနာဒိုဆေးလ်ဗားတို့သုံးဦးလုံး ယမန်နှစ်ဘောလုံးရာသီရဲ့ ပွဲပယ်ပြစ်ဒဏ်တွေကို ဆက်လက်ကျခံသွားရဖို့ရှိနေလို့ စီးရီးအေထိပ်သီးကလပ်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကို လွဲချော်သွားပါလိမ့်မယ်။

ယူအီးအက်ဖ်အေက ရာသီတစ်ခုပြီးဆုံးချိန်တိုင်း အဝါကတ်ပွဲပယ်ပြစ်ဒဏ်တွေကို ဖျက်သိမ်းပေးလေ့ရှိပေမဲ့ အနီကတ်ပွဲပယ်ပြစ်ဒဏ်ကိုတော့ ဆက်လက်သယ်ဆောင်လာဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်ကိုအရေးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ အနီကတ်ထိခဲ့တဲ့ ဂူလာနဲ့ ကာမာဗင်ဂါတို့နှစ်ဦးလုံး ပွဲပယ်ပြစ်ဒဏ်ကို ကျခံသွားရပါလိမ့်မယ်။

ဒါ့အပြင် ဘာနာဆေးလ်ဗားကလည်း ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးရဲ့ယမန်နှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ်နဲ့အတူ ကွင်းပြင်ပဆီ ထွက်ခွာခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဒီကစားသမားသုံးဦးလုံးက လာမယ့်အောက်တိုဘာ ၁၄ ရက်၊ ရိုမားနဲ့ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်မှာ ပြန်လည်ပါဝင်လာပါလိမ့်မယ်။