The network connection is lost.

Banner Image

အဝေးကွင်းနိုင်ပွဲနဲ့အတူ ရာသီသစ်ကို အကောင်းဆုံးစတင်ခဲ့တဲ့ ချဲလ်ဆီး

ဖူလ်ဟမ် ၂-၃ ချဲလ်ဆီး (ပွဲပြီးရလဒ်)

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းနှစ်ဦးရဲ့ ကရာဗန်ကော့တေ့ချ်ကွင်းလန်ဒန်ဒါဘီပွဲစဉ်က နည်းဗျူဟာပိုင်းအားပြိုင်မှုတွေ၊ သွင်းဂိုးတွေနဲ့အတူ အတော်လေးစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲအစစက္ကန့်ပိုင်းအတွင်းမှာပဲ ဂျော်အိုပက်ဒရိုက ဧည့်သည်ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အိမ်ရှင်တွေအတွက် ချေပဂိုးကို ဂျိုရှုအာကင်း ရှာဖွေပေးခဲ့ပေမဲ့ ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးမှာ ရိုဂျာစ်က ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာလည်း ချဲလ်ဆီးအတွက် ပယ်လ်မာ၊ ဖူလ်ဟမ်အတွက် ဂွန်ဇာလိုဂါစီယာတို့က သွင်းဂိုးတွေရယူပေးခဲ့ကြပြီး ဧည့်သည်တွေအတွက် အဖိုးတန်ဒါဘီအနိုင်ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။