The network connection is lost.

Banner Image

အာဆင်နယ်ကို ဟန့်တားနိုင်မယ့်အသင်း တစ်ခုတည်းသာ ရှိတယ်လို့ ဒန်နီမာဖီ ခန့်မှန်း

လီဗာပူးကစားသမားဟောင်းဒန်နီမာဖီက မန်စီးတီးအသင်းသာ လက်ရှိချန်ပီယံအာဆင်နယ်အသင်းကို ဟန့်တားနိုင်တဲ့ တစ်ခုတည်းသောပြိုင်ဘက် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပြောကြားခဲ့ပါတယ်။

ယမန်နှစ်ဘောလုံးရာသီမှာ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဆုဖလားငတ်မွတ်မှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ဂန်းနားတွေက အခုဘောလုံးရာသီမှာတော့ ချဲလ်ဆီး၊ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်ပြီး ချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးပမ်းသွားရပါမယ်။

အာဆင်နယ်အသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ရေးခရီးလမ်းက အခုညပိုင်း၊ တန်းတက်ကိုဗင်ထရီအသင်းနဲ့ရင်ဆိုင်ရင်း စတင်သွားဖို့ရှိနေပြီး ရာသီသစ်အတွက် ပထမဆုံးသုံးမှတ်ကို ပိုင်ဆိုင်ဖို့ ကြိုးစားသွားပါလိမ့်မယ်။

သုံးသပ်သူတွေကိုယ်တိုင်လည်း မြောက်လန်ဒန်ကလပ်အသင်းကို ချန်ပီယံဆုထပ်မံဆွတ်ခူးဖို့ ရေပန်းအစားဆုံးအဖြစ် သံသယမရှိ သတ်မှတ်ထားပြီး အခြားပြိုင်ဘက်တွေထက် နှာတဖျားသာနေတဲ့ အဆင့်အတန်းမျိုးမှာ ရပ်တည်နေတယ်လို့ အကဲဖြတ်ကြပါတယ်။

အလားတူ ဒန်နီမာဖီကလည်း အာဆင်နယ်အသင်း နောက်ထပ်တစ်ကြိမ် ချန်ပီယံဖြစ်လာနိုင်မယ့်ကိစ္စမှာ ဟန့်တားနိုင်မယ့် ပြိုင်ဘက်အဖြစ် မန်စီးတီးအသင်း တစ်ခုတည်းသာ ရှိတယ်လို့ ယုံကြည်နေပါတယ်။

BBC Sport နဲ့တွေ့ဆုံချိန် မာဖီက "အထူးသဖြင့် ထိပ်တန်းအသင်းတွေအားလုံးက အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် လုပ်ဆောင်ရမယ့်ကိစ္စတွေ အများကြီးရှိနေပုံရတဲ့ လက်ရှိအချိန်မှာ တစ်စုံတစ်ရာကို အတိအကျပြောဖို့ ခက်ခဲပေမဲ့ အာဆင်နယ်ပဲ ချန်ပီယံဖြစ်လိမ့်မယ်ဆိုတာကိုတော့ လျစ်လျူရှုလို့ မရပါဘူး" လို့ ပြောပါတယ်။

"အဓိကအကြောင်းရင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးထားနိုင်လို့ သူတို့မှာ ရှိနေမယ့် အရှိန်အဟုန်နဲ့ ယုံကြည်မှုတွေအပြင် နည်းပြတစ်ဦးတည်း၊ ကစားသမားတွေ တစ်စုတစ်စည်း တည်တည်ငြိမ်ငြိမ်ရှိနေသလို အရည်အသွေးမြင့်ကစားသမားသစ်တွေကိုပါ ထပ်မံအားဖြည့်ထားနိုင်လို့ပါပဲ။

သူတို့က သူတို့ရဲ့အကောင်းဆုံးကစားသမားတွေကို လက်မလွှတ်ခဲ့ရသလို နည်းပြက ဘာတွေ မျှော်လင့်ထားလဲဆိုတာကို သေသေချာချာသိရှိပြီး အပြည့်အဝပူးပေါင်းဆောင်ရွက်နိုင်တဲ့ ကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်။

မန်စီးတီးမှာရှိနေတဲ့ တိုက်စစ်အင်အားကို ကျွန်တော် ကြည့်မိပါတယ်။ နည်းပြက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ပြိုင်ဘက်နဲ့ပဲ ကစားရပါစေ သူတို့က ဂိုးတွေအများကြီးသွင်းယူနိုင်ပြီး ပွဲစဉ်အများအပြားကို အနိုင်ရရှိနိုင်ပါလိမ့်မယ်။

ဒါကြောင့် ကျွန်တော်ကတော့ မန်စီးတီးကို အာဆင်နယ်အတွက် အနီးဆုံးပြိုင်ဘက်အဖြစ် သတ်မှတ်ထားပါတယ်" လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းက အခုနွေရာသီစျေးကွက်မှာ ဘရူနိုဂူမာယေးစ်၊ ဟင်ကာပီ၊ ဇိုလစ်နဲ့ မက်စလီယာတို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားပါတယ်။