ဒုတိယပိုင်းအတွင်း comebackနဲ့အတူ နိုင်ပွဲပြန်လည်ရှာဖွေသွားနိုင်တဲ့ အာဆင်နယ်
အာဆင်နယ် ၂ - ၁ လိဒ်စ်ယူနိုက်တက် (ပွဲပြီးရလဒ်)
အာဆင်နယ်က ယနေ့ပွဲစဉ်အတွင်း ခြေစွမ်းအတော်လေးဆိုးရွားခဲ့သလို အဓိက ကစားသမားတွေကလည်း ပွဲပန်းမှုဒဏ်တွေကြောင့် အပြည့်အ၀အားမထုတ်နိုင်ခဲ့တာကြောင့် လိဒ်စ်ကို ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။
ပထမပိုင်းတစ်ပိုင်းလုံး ဂိုးပေါက်ခြိမ်းခြောက်မှု မယ်မယ်ရရမရှိခဲ့တဲ့ အာဆင်နယ်တို့ ဒုတိယပိုင်းမှာ လိဒ်စ်ကို ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ခြေစွမ်းကောင်းပြန်ရခဲ့ပြီး လူစားဝင်ကစားသမား ဂူမာရေးစ်ရဲ့ဂိုးနဲ့အတူ အနိုင်ရခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်က မနက်ဖြန်ည လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ဇယားထိပ်က မန်စီးတီးနဲ့ ရမှတ်တူအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။