The network connection is lost.

Banner Image

အပြောင်းအရွှေ့ပစ်မှတ် ဖာရန်တောရက်စ်အတွက် ဘာစီလိုနာဆီ ယူရိုသန်း ၅၀ တန် ကမ်းလှမ်းမှုပြုလုပ်ခဲ့တဲ့ ပီအက်စ်ဂျီ

ဖာရန်တောရက်စ်က ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ချင်ပြီး အခုနွေရာသီမှာ ဘာစီလိုနာအသင်းမှ ထွက်ခွာသွားနိုင်ခြေ ရှိပါတယ်။

ပြီးခဲ့တဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်အသင်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ကြယ်ပွင့်ကို ပီအက်စ်ဂျီက အမိအရခေါ်ယူချင်နေပြီး အခုနွေရာသီရဲ့ အကြီးမားဆုံးအပြောင်းအရွှေ့တွေအနက် တစ်ခု ဖြစ်လာနိုင်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားနဲ့ ဘာစီလိုနာတို့အကြား စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့လို့ ကတ္တလန်အသင်းတာဝန်ရှိသူတွေကိုယ်တိုင် ကစားသမားကို အခုပဲရောင်းမလား သို့မဟုတ် နောက်နှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်မလားဆိုတာ ရွေးချယ်ရပါတော့မယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ဘန်ဂျက်ကော့ဘ်ကတော့ "ပီအက်စ်ဂျီအသင်းက ဖာရန်တောရက်စ်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ဆွေးနွေးနေပါပြီ။ ကစားသမားကလည်း ၅ နှစ်စာချုပ်အတွက် သဘောတူထားပြီးပါပြီ။ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ဝန်းကျင်နဲ့ ညှိနှိုင်းနေပြီး သဘောတူညီမှုရရှိမယ်လို့ ပီအက်စ်ဂျီအသင်း ယုံကြည်နေပါတယ်" လို့ ဆိုပါတယ်။

ဒီနွေရာသီမှာ ဂွန်ကာလိုရာမို့စ်နဲ့ မူအာနီတို့ကို ရောင်းထုတ်ထားတဲ့ ပီအက်စ်ဂျီအသင်းက အရန်တိုက်စစ်မှူးတစ်ဦး အလိုရှိနေပြီး ဒီနေရာအတွက် ဖာရန်တောရက်စ်က အသင့်တော်ဆုံး ဖြစ်နေပါတယ်။ ဖာရန်တောရက်စ်က ဘာစီလိုနာအတွက် ၂၀၇ ပွဲကစား၊ ၆၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်ထားပါတယ်။ လာလီဂါရာသီသစ်စတင်ဖို့ ငါးရက်သာ လိုအပ်တော့ချိန် သူက ပါရီမြို့ဆီပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

ယမန်နေ့(တနင်္လာနေ့)မှာတော့ ဘာစီလိုနာက ဖာရန်တောရက်စ်အတွက် ပီအက်စ်ဂျီရဲ့ ယူရိုသန်း ၄၀ တန် ကနဦးကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။