ယူနိုက်တက်နဲ့ပတ်သက်လို့ စိတ်ထဲမှာ ဘာမှမရှိတော့ပါဘူးလို့ ဖွင့်ဟလာတဲ့ အာမိုရင်
အေစီမီလန်နည်းပြရူဘင်အာမိုရင်က ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်း၊ ခြေစမ်းပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရပြီးနောက် သူ့ရဲ့ခံစားချက်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပါတယ်။
ပိုလန်နိုင်ငံ၊ ဝရော့ကလောမြို့မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်အတွင်း အေစီမီလန်ကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် သရဲနီတွေမှာ ပြင်ဆင်စရာတွေ အများကြီးကျန်သေးတယ်ဆိုတဲ့ သတိပေးချက် ထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်နည်းပြတာဝန်မှ ထုတ်ပယ်ခံရပြီး ခုနစ်လကြာမြင့်ချိန်မှာပဲ အာမိုရင်က သူ့ရဲ့အသင်းဟောင်းနဲ့ ခြေစမ်းပွဲစဉ်အဖြစ် ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ အာမိုရင်အရဲ့အသင်းက ယူနိုက်တက်ကို အသာစီးဖြင့်ကစားသွားပြီး အနိုင်ရယူခဲ့ပါတယ်။
လတ်တလော အေစီမီလန်မှာ ပုံရိပ်ကောင်းတွေ စတင်တည်ဆောက်လာနိုင်တဲ့ ပေါ်တူဂီလူမျိုးနည်းပြက ယူနိုက်တက်နဲ့ အဆင်မပြေဘဲ လမ်းခွဲခဲ့ရပေမဲ့ အခုထိတော့ အသင်းဟောင်းကို အမုန်းမရှိချစ်ခင်နေတုန်းပါပဲလို့ ဝန်ခံခဲ့ပါတယ်။
"ဒါက ပုံမှန်ပွဲစဉ်တစ်ခုပါ။ အေစီမီလန်နဲ့ စာချုပ်ချုပ်ပြီးကတည်းက မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲမှာ ဘာမှ ထွေထွေထူးထူး မခံစားရတော့ပါဘူး။ ယူနိုက်တက်မှာ ရှိခဲ့ဖူးတယ်ဆိုတာကို ဂုဏ်ယူသလို အခုထိလည်း ယူနိုက်တက်ကို ချစ်ခင်နေမြဲပါပဲ။ ဒါပေမဲ့ အေစီမီလန်ဆီ ရောက်လာပြီးတဲ့နောက် ကျွန်တော် တကယ်ကို ပျော်ရွှင်နေလို့ မကောင်းမြင်စရာအကြောင်း ဘာမှမရှိပါဘူး" လို့ အာမိုရင်က ဆိုပါတယ်။
"ကျွန်တော် ရောက်သင့်တဲ့နေရာကို ရောက်နေပါပြီ။ ဒါကြောင့် ဒီမှာပဲ ဆက်ပြီး ကြိုးစားသွားချင်ပါတယ်။ ရာသီကြိုပွဲစဉ်တွေကို အနိုင်ကစားပြီး ပရိသတ်တွေအတွက် ခြေစွမ်းပြချင်ခဲ့ပါတယ်" လို့လည်း သူက ပြောပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကလည်း မန်ချက်စတာမြေမှာ လက်တွဲခဲ့ဖူးတဲ့ အာမိုရင်ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သူတို့အချင်းချင်းအကြား ခင်မင်မှုတွေ ရှိနေဆဲဆိုတာကို ပြသခဲ့ပါတယ်။
ရာသီသစ်အစမှာတော့ မိုက်ကယ်ကာရစ်ရဲ့အသင်းက ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဟားလ်စီးတီးနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပြီး အေစီမီလန်ကတော့ တိုရီနိုနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။