The network connection is lost.

Banner Image

ဥရောပစူပါဖလားအောင်ပွဲဆိုတာ ပီအက်စ်ဂျီအတွက် သိပ်အရေးမပါလှပါဘူးလို့ ဆိုလိုက်တဲ့ လူးဝစ်အင်းနရစ်

ပီအက်စ်ဂျီအသင်းက ယူရိုပါလိဂ်ချန်ပီယံအက်စတွန်ဗီလာကို ဆဲလ်ဘတ်မြို့မှာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ယူအီးအက်ဖ်အေစူပါဖလားချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

လူးဝစ်အင်းနရစ်ရဲ့အသင်းက ပြီးခဲ့တဲ့မေလ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဆုဖလားကို ကာကွယ်နိုင်ခဲ့ပါတယ်။ သူတို့တွေက ၂၀၂၅ ခုနှစ်၊ ဥရောပစူပါဖလားပြိုင်ပွဲမှာလည်း တော့တင်ဟမ်ကို အနိုင်ယူခဲ့လို့ ပရီးမီးယားလိဂ်အသင်းတွေကို ဥရောပစူပါဖလားပြိုင်ပွဲမှာ နှစ်ကြိမ်ဆက်အနိုင်ရရှိတဲ့မှတ်တမ်‌ကောင်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

ပွဲစဉ်အပြီး အောင်ပွဲခံမှုတွေ အကြီးအကျယ်ပြုလု်ပခဲ့ကြပေမဲ့ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ပြင်ဆင်နေတဲ့ လူးဝစ်အင်းနရစ်ကတော့ ပီအက်စ်ဂျီအတွက် စူပါဖလားရဲ့အရေးပါမှုကို ခပ်အေးအေးသာ သုံးသပ်ခဲ့ပါတယ်။

"ဒီပွဲမှာ ကစားခွင့်ရတယ်ဆိုကတည်းက ခင်ဗျားတို့က ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ခဲ့လို့ပါပဲ။ ကျွန်တော်တို့ နှစ်နှစ်ဆက်တိုက် အနိုင်ရရှိခဲ့လို့ အဲ့ဒီဘက်ကကြည့်ရင်တော့ အရေးပါပါတယ်။ ဒါပေမဲ့ ဒီဆုဖလားကို အနိုင်ရရှိခဲ့တယ်ဆိုပြီး ခင်ဗျားတို့ကို ဘယ်သူမှ မချီးမြှောက်နေပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါ သိပ်အရေးပါတဲ့ ဆုဖလားမျိုး မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။