The network connection is lost.

Banner Image

ပြင်ဆင်ချိန်နည်းလွန်းလို့ အက်စတွန်ဗီလာနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းမြင်ရဖို့မလွယ်ကြောင်း လူးဝစ်အင်းနရစ်ဝန်ခံ

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အဓိက ကစားသမားအများစု ပြင်ဆင်ချိန်နည်းပါးခဲ့တာကြောင့် မနက်ဖြန်မနက် အက်စတွန်ဗီလာနဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်း မြင်ရဖို့ မမျှော်လင့်ထားကြောင်း ဝန်ခံခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းက စူပါဖလလားပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို ကျော်ဖြတ်ပြီး ဆုဖလား နှစ်နှစ်ဆက် ရယူနိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ကစားသမား ၁၅ ဦးအထိ စေလွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ စပိန်အသင်းနဲ့အတူ ဖေဘီယန်ရုဇ်က ချန်ပီယံဖြစ်ခဲ့သလို ပြင်သစ်အသင်းနဲ့အတူ ပီအက်စ်ဂျီကစားသမား ၅ ဦးကလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ကြပါတယ်။ 

အင်းနရစ်က “လက်ရွေးစင်ကစားသမားတွေအနက် ပြင်သစ်၊ စပိန်နဲ့ မော်ရိုကို ကစားသမားတွေက တနင်္လာနေ့ကမှ ပြန်ရောက်လာကြတာဖြစ်ပြီး၊ ဘရာဇီးနဲ့ ပေါ်တူဂီ ကစားသမားတွေကတော့ ဒီလ ၃ ရက်နေ့ကမှ ပြန်ရောက်လာကြတာဖြစ်ပါတယ်။ ဒါက ပွဲစဉ်ဇယားကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ 
မနက်ဖြန်မှာ ထိပ်တန်းအဆင့် ပွဲစဉ်တစ်ပွဲ ကစားနိုင်ဖို့ ဆိုတာကတော့ ခက်ခဲပါလိမ့်မယ်။ ကစားသမားအချို့ဆိုရင် လေ့ကျင့်ခန်းတောင် နည်းနည်းပဲ ဆင်းရသေးပေမဲ့ လေ့ကျင့်ခန်းဆင်းထားတဲ့ ကစားသမားတွေကတော့ မနက်ဖြန်မှာ ကစားကြမှာဖြစ်ပါတယ်။ ပြင်ဆင်မှုပိုင်းအရဆိုရင်တော့ ဒါက ဖြစ်သင့်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။