The network connection is lost.

Banner Image

အီတီဟတ်မှာ မန်စီးတီးကို အနိုင်ယူခဲ့တဲ့ လက်ရှိချန်ပီယံပီအက်စ်ဂျီ

မန်စီးတီး ၂-၄ ပီအက်စ်ဂျီ (ပွဲပြီးရလဒ်)

ဥရောပထိပ်သီးကလပ်အသင်းနှစ်ခုရဲ့ မန်ချက်စတာမြေအားပြိုင်မှုက အတော်လေးအားပါပြင်းထန်ခဲ့ပြီး စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေကို ပြသခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဧည့်သည်ပီအက်စ်ဂျီက ဒူအီ၊ ဒမ်ဘီလီ၊ ဗီတင်ဟာတို့ရဲ့သွင်းဂိုးတွေနဲ့ သုံးဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာတော့ အပြောင်းအလဲတွေ ပြုလုပ်လာတဲ့ မန်စီးတီးအတွက် ဗွေဆော်ဦးချေပဂိုးကို ဟာလန်းက သွင်းယူပေးခဲ့ပေမဲ့ ပီအက်စ်ဂျီအတွက် နောက်ထပ်ဦးဆောင်ဂိုးကို အက်ခ်လီအူချီက သွင်းယူခဲ့လို့ ရလဒ်ပိုင်းအပြောင်းအလဲ နည်းပါးခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာလည်း ဟာလန်းက နောက်ထပ်ချေပဂိုးသွင်းယူခဲ့ပေမဲ့ မန်စီးတီးရဲ့အခုရာသီပြိုင်ပွဲစုံပထမဆုံးရှုံးနိမ့်မှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။