The network connection is lost.

Banner Image

အက်စတွန်ဗီလာကို အနိုင်ယူပြီးနောက် အာဆင်နယ်ကစားသမားတွေကို အာတီတာ ချီးကျူး

အာဆင်နယ်နည်းပြအာတီတာက အင်္ဂါနေ့မနက်ပိုင်း၊ အက်စတွန်ဗီလာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် သူ့ရဲ့ကစားသမားတွေကို အထူးချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အခုဗီလာပတ်ခ်ကွင်းပွဲစဉ်အတွင်း အူနိုင်းအမ်မရီရဲ့အသင်းကို အာဆင်နယ်တို့ အနိုင်ရရှိစေဖို့ ဆာကာက ပွဲချိန် ၅၉ မိနစ်မှာ အဆုံးအဖြတ်ဂိုးကို သွင်းယူခဲ့ပါတယ်။

လက်ရှိမှာ အင်္ဂလန်ချန်ပီယံတွေက ရာသီအဖွင့်နှစ်ပွဲဆက် အနိုင်ရရှိထားပြီး လေးဂိုးသွင်းယူကာ ပေးဂိုးမရှိသေးတဲ့ မှတ်တမ်းကောင်းနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ပွဲစဉ်အပြီး Sky Sports နဲ့ တွေ့ဆုံချိန် အာတီတာက အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်နိုင်ဖို့ ကြိုးပမ်းနေချိန် အခုပွဲစဉ်ရလဒ်ပိုင်းကို ကြီးမားတဲ့အနိုင်ရလဒ်အဖြစ် တင်စားခဲ့ပါတယ်။

"အလွန်ပျော်ရွှင်မိပါတယ်။ ဒါက ကြီးမားတဲ့ အနိုင်ရလဒ်တစ်ခုပါ။ ဒီနေရာကို လာပြီး သုံးမှတ်အပြည့်ရယူဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့အသင်း နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်" လို့ အာဆင်နယ်နည်းပြက ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့တွေ ကောင်းမွန်တဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပါတယ်။ ပွဲထွက်ကစားသမား ၁၁ ဦးတည်းတင်မက လူစားဝင်ကစားသမားတွေပါ ပွဲကို အနိုင်ရလဒ်ဖြင့် အဆုံးသတ်စေဖို့အတွက် ထူးထူးခြားခြားလုပ်ဆောင်ပေးခဲ့ကြပါတယ်။

ဒီကွင်းမှာ အနိုင်ရရှိဖို့ ဘယ်လောက်အထိခက်ခဲလဲဆိုတာ ကျွန်တော် သိပါတယ်။ သူတို့တွေ ထက်မြက်လွန်းလို့ ထိပ်တန်းကလပ်အသင်းတိုင်း အက်စတွန်ဗီလာနဲ့ရင်ဆိုင်ကစားရချိန် ရုန်းကန်ကြရပါတယ်။  

ကျွန်တော်ကတော့ ကိုယ့်ရဲ့ကစားသမားတွေကို အမြဲတမ်း ယုံကြည်ပါတယ်။ ခြေစွမ်းအဆင့်အတန်းဆိုတာလည်း အခြေအနေတွေအပေါ်မှာ မူတည်ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဒီကွင်းမှာ ကျွန်တော်တို့တွေ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒါကို ကျွန်တော့်ရဲ့ စိတ်ထဲမှာ မှတ်မိနေဆဲပါပဲ" လို့ အာတီတာက ဆိုပါတယ်။