ချဲလ်ဆီးမှ ထွက်ခွာကာ ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းဆီ ပြောင်းရွှေ့သွားတဲ့ ချာလိုဘာ
ချဲလ်ဆီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားချာလိုဘာကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ ကိုမိုအသင်းက အတည်ပြုကြေညာလိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားကို ပြီးခဲ့တဲ့ရာသီအနည်းငယ်မှာတင် ချဲလ်ဆီးနဲ့လမ်းခွဲတော့မယ်ဆိုတဲ့ သတင်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ သူက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ခရစ္စတယ်ပဲလေ့စ်ဆီ အငှားထွက်ကစားဖူးပြီး ရာသီဝက်မှာတင် ချဲလ်ဆီးဆီ ပြန်လည်ရောက်ရှိလာလို့ အပြီးသတ်မပြောင်းရွှေ့နိုင်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ရာသီမှာတော့ ချာလိုဘာက ချဲလ်ဆီးအတွက် အရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၂ ပွဲကစားရာမှာ သုံးဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ နည်းပြဇာဘီအလွန်ဆို ရောက်ရှိလာမှုကြောင့် ချာလိုဘာရဲ့ချဲလ်ဆီးကစားသမားဘ၀ အဆုံးသတ်သွားပါပြီ။ အနောက်လန်ဒန်ကလပ်က အသင်းမှာ ကစားသမားတွေ အရမ်းများနေလို့ လူစာရင်းအင်အားလျှော့ချဖို့ ကြိုးစားရာမှာ ချာလိုဘာကို အရောင်းစာရင်း တင်ခဲ့ပါတယ်။
အခုတော့ ချာလိုဘာက ဖာဘရီဂတ်စ်ရဲ့ရည်မှန်းချက်ကြီးတဲ့ ကိုမိုအသင်းဆီ အပိုဆုကြေးတွေ အပါအဝင် စုစုပေါင်း ပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေ့သွားပြီး ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပါတယ်။
ချာလိုဘာက "ကိုမိုဆီ ရောက်လာရလို့ တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါက တိုးတက်လာဦးမယ့် ရည်မှန်းချက်ကြီးတဲ့ စီမံကိန်းတစ်ခုဖြစ်သလို နည်းပြဖာဘရီဂတ်စ်နဲ့ ပြန်တွဲလုပ်ရတဲ့ကိစ္စကလည်း တကယ့်ကို ထူးခြားပါတယ်။ အသင်းအတွက် ကျွန်တော့်ရဲ့ အတွေ့အကြုံတွေနဲ့ ကူညီပေးချင်သလို ကွင်းတွင်း အငွေ့အသက်တွေ၊ ပရိသတ်တွေနဲ့ ထိတွေ့ရဖို့ကိုလည်း မစောင့်နိုင်တော့ပါဘူး။ အသင်းနဲ့အတူ သမိုင်းသစ်တွေ အတူတူရေးထိုးနိုင်ဖို့ နေ့တိုင်း အစွမ်းကုန်ပေးဆပ်သွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။