The network connection is lost.

Banner Image

ရာသီအဖွင့်ပွဲစဉ်မှာ ကွယ်လွန်သူကီဗင်ကီးဂန်းကို ဂုဏ်ပြုပေးသွားဖို့ စီစဉ်နေတဲ့ နယူးကာဆယ်နဲ့ လီဗာပူး

စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာကစားမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် ကီဗင်ကီးဂန်းအတွက် ဂုဏ်ပြုမှုတွေပြုလုပ်ဖို့ နယူးကာဆယ်နဲ့ လီဗာပူးအကြား ဆွေးနွေးနေကြပါတယ်။

အခုသီတင်းပတ်အတွင်းမှာပဲ ကွယ်လွန်သွားတဲ့ အသက် ၇၅ နှစ်အရွယ် ကီးဂန်းက လီဗာပူးမှာ ကစားသမားဘ၀ ဖြတ်သန်းခဲ့ဖူးသလို နယူးကာဆယ်မှာ ကစားသမားအဖြစ်နဲ့ရော၊ နည်းပြအဖြစ်နဲ့ပါ အောင်မြင်ခဲ့ဖူးလို့ အသင်းနှစ်ခုလုံးရဲ့လေးစားအားကျရတဲ့ ဂန္တဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

ဒီကလပ်အသင်းနှစ်ခုက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၃ ရက်၊ တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့ဆုံကြပါလိမ့်မယ်။

အဲ့ဒီပွဲစဉ်မစတင်ခင် ကီးဂန်းကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုပေးနိုင်ဖို့ လီဗာပူးအသင်းနဲ့ ညှိနှိုင်းနေတယ်လို့ နယူးကာဆယ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဂုဏ်ပြုအစီအစဉ်အတွက် ပရိသတ်အဖွဲ့အစည်းတွေ၊ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေနဲ့လည်း နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကီးဂန်းက ၁၉၈၂ ခုနှစ်မှစတင်ကာ နယူးကာဆယ်ကစားသမားအဖြစ် နှစ်ရာသီကြာ ဖြတ်သန်းခဲ့ဖူးသလို ၁၉၉၂ ခုနှစ်မှာလည်း နည်းပြအဖြစ် အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ လီဗာပူးကစားမားဘ၀မှာတော့ သူက ခြောက်နှစ်တာကာလအတွင်း အမှတ်ပေးချန်ပီယံဆု သုံးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ယူအီးအက်ဖ်အေဖလား နှစ်ကြိမ်နဲ့ အက်ဖ်အေဖလား တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းကတော့ ကီးဂန်းကို အမြဲတမ်းဂုဏ်ပြုပေးနိုင်ဖို့အတွက် ဂန္တဝင်ပုဂ္ဂိုလ်ရဲ့မိသားစုနဲ့ တိုင်ပင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။