The network connection is lost.

Banner Image

ဘယ်လင်ဟမ်၊ ဟယ်ရီကိန်း၊ အမ်ဘာပေ၊ ယာမယ်လ်နဲ့ မာနေးတို့ ပါဝင်လာတဲ့ ဘော်လွန်းဒီအော်ဆန်ကာတင်ကစားသမား ၃၀ ဦးစာရင်း ထွက်ပေါ်လာ

လာမယ့်လမှာ ကျင်းပမယ့် ဆုပေးပွဲအခမ်းအနားကို ပရိသတ်တွေ စောင့်မျှော်နေကြချိန်မှာပဲ အခုနှစ်အတွက် ဘော်လွန်းဒီအော်ဆန်ကာတင်ကစားသမား ၃၀ ဦးစာရင်း ထွက်ပေါ်လာခဲ့ပါပြီ။
 
လာမယ့်အောက်တိုဘာ ၂၆ ရက် (တနင်္လာနေ့)၊ လန်ဒန်မြို့မှာ ကျင်းပမယ့် ၇၀ ကြိမ်မြောက် ဘော်လွန်းဒီအော်ဆုချီးမြှင့်ခြင်းအခမ်းအနားက ၁၉၅၆ ခုနှစ်၊ ပထမဆုံးဘော်လွန်းဒီအော်ဆုရှင်ဖြစ်တဲ့ အင်္ဂလန်ကစားသမား ဆာ စတန်လေမက်သရူးစ်ကို ဂုဏ်ပြုသောအားဖြင့် ပါရီမြို့မှ အင်္ဂလန်ရဲ့မြို့တော်ဆီ ပြောင်းရွှေ့ကျင်းပလာခြင်း ဖြစ်ပါတယ်။

ဂုဏ်သိက္ခာကြီးမားလှတဲ့ ဒီတစ်ဦးချင်းထူးချွန်ဆုကို ဘယ်သူဆွတ်ခူးသွားမလဲဆိုတာ သိရဖို့ ပရိသတ်တွေစောင့်မျှော်နေချိန်မှာပဲ ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားနေသူတွေအဖြစ် ဘိုင်ယန်မြူးနစ်ရဲ့ဟယ်ရီကိန်း၊ ရီးရဲလ်မက်ဒရစ်ရဲ့ အမ်ဘာပေ၊ ဘာစီလိုနာရဲ့ ယာမယ်လ်နဲ့ ပီအက်စ်ဂျီရဲ့ခဗာရက်စ်ခီလီယာ၊ ဒမ်ဘီလီတို့ကို မြင်တွေ့ထားရပါတယ်။
 
ပြီးခဲ့တဲ့နှစ်မှာတော့ ဒမ်ဘီလီက ဘော်လွန်းဒီအော်ဆုရှင် ဖြစ်လာခဲ့ပြီးနောက် ပရိသတ်တွေကိုယ်တိုင်လည်း ဘောလုံးသမိုင်းတလျှောက် အကြီးကျယ်ဆုံးကစားသမားကြီးတွေနဲ့အတူ နောက်ထပ်ရွေးချယ်ခံရမယ့် ကစားသမားသစ် ဘယ်သူဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စောင့်မျှော်နေကြပါတယ်။
 
အခုတော့ အတိတ်မှာ ဆန်ကာတင်စာရင်းဝင်ခဲ့ပေမဲ့ တစ်ကြိမ်မှ ဆုမရရှိခဲ့ဖူးတဲ့ မာနေး၊ ဟာကီမီ၊ ဗင်နီစီးယက်စ်၊ ဘယ်လင်ဟမ်နဲ့ ဒီကလန်ရိုက်စ်တို့လို ကစားသမားတွေအပါအဝင် ဆန်ကာတင်ကစားသမား ၃၀ ဦးစာရင်းကို ထုတ်ပြန်လိုက်ပါပြီ။
 
ဆန်ကာတင် ကစားသမားများ စာရင်း အပြည့်အစုံ 
 
- ဘယ်လင်ဟမ်
- ကူဘာစီ
- ကူကူရယ်လာ
- ဒမ်ဘီလီ 
- လူးဝစ်ဒီယက်ဇ်
- ဘရူနိုဖာနန်ဒက်စ်
- ဟာလန်း
- မာဂယ်လ်ဟေးစ် 
- ဟယ်ရီကိန်း 
- ဟာကီမီ
- ယာမယ်လ်
- ခဗာရက်စ်ခီလီယာ 
- မာကွင်ဟို့စ် 
- မာနေး
- လော်တာရိုမာတီနက်ဇ် 
- အမ်ဘာပေ 
- နူနိုမန်ဒက်စ်
- မက်ဆီ
- အိုလီစီ
- ဂျော်အိုနီဗက်စ် နေးဗက်စ် 
- ပါချို
- ကွီနိုနက်စ်
- ဒီကလန်ရိုက်စ်
- ရိုဒရီ
- ဆာလီဘာ 
- အူပါမီကာနို 
- ဖေဘီယန်ရုဇ် 
- ဗင်နီစီးယက်စ်
- ဗီတင်ဟာ
- ဖာရန်တောရက်စ်