The network connection is lost.

Banner Image

ဆိုဘိုဆလိုင်းလိုမျိုး လီဗာပူးအသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို မရရှိခဲ့လို့ ဝမ်းနည်းစိတ်ပျက်နေတဲ့ မက်အယ်လစ္စတာ

မက်အယ်လစ္စတာက သူ့ကိုစာချုပ်သစ်ချုပ်ဆိုဖို့ လီဗာပူးအသင်းရဲ့ကြိုးပမ်းအားထုတ်မှု ကင်းမဲ့နေခြင်းအပေါ် စိတ်ပျက်မိတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
 
အာဂျင်တီးနားလက်ရွေးစင်ကစားသမားက ၂၀၂၃ ခုနှစ်၊ ဘရိုက်တန်မှပြောင်းရွှေ့လာချိန် ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်းအတိုင်းသာ ရှိနေဆဲဖြစ်ပြီး ဒီစာချုပ်သက်တမ်းလည်း နောက်ဆုံး ၂၄ လအတွင်း ဝင်ရောက်လာပါပြီ။
 
အသင်းဖော်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဂရာဗန်ဘတ်ချ်နဲ့ ဆိုဘိုဆလိုင်းတို့ကတော့ အခုနှစ်အစောပိုင်းမှာပဲ သက်တမ်းတိုးစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပေမဲ့ မက်အယ်လစ္စတာအတွက်တော့ ရေရေရာရာဘာမှမသိရသေးဘဲ ဒါက အသင်းရဲ့အနာဂတ်အစီအစဉ်တွေမှာ သူ့ကို မထည့်သွင်းထားဘူးဆိုတာကို ဖော်ပြနေသလို ဖြစ်နေပါတယ်။
 
အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် ကမ္ဘာ့ဖလားဆုရှင်ကွင်းလယ်ကစားသမားက လက်ရှိအခြေအနေတွေနဲ့ ကလပ်အသင်းအပေါ် သူ ဘယ်လောက်ချစ်မြတ်နိုးသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

မက်အယ်လစ္စတာက "အားလုံးသိကြတဲ့အတိုင်း အခွင့်အရေးတစ်ခု ရှိခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဘက်က ကျွန်တော့်ကို စာချုပ်သစ် ကမ်းလှမ်းနိုင်မယ့် အခြေအနေမှာ မရှိဘူးဆိုတဲ့ သတင်းကို ကျွန်တော် ကြားသိခဲ့ရပြီး တကယ်ပဲ ဝမ်းနည်းမိပါတယ်"
 
"ကျွန်တော်က ဒီအသင်းအတွက် လေ့ကျင့်ရေးကွင်းမှာရော၊ ပွဲစဉ်တွေမှာပါ ရာနှုန်းပြည့် ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ လူတိုင်း မြင်နိုင်ပါလိမ့်မယ်။ ပွဲကောင်းတွေ ရှိသလို၊ ညံ့ဖျင်းတဲ့ပွဲစဉ်လည်း ရှိနိုင်ပေမဲ့ ကျွန်တော်ကတော့ အမြဲတမ်းအစွမ်းကုန်ကြိုးစားခဲ့ပါတယ်"
 
"ဆိုဘိုဆလိုင်းနဲ့ ဂရာဗန်ဘတ်ချ်တို့ စာချုပ်သက်တမ်းတိုးတာကို မြင်တွေ့ရလို့ သူတို့အတွက် ဝမ်းသာမိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျွန်တော့်အတွက် မဖြစ်လာသေးလို့ ဝမ်းနည်းမိပါတယ်"
 
"အချိန်တွေ ကျန်ပါသေးတယ်။ ကျွန်တော်ကတော့ နောက်ဆုံးနေ့အထိ အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်သွားပါမယ်။ ဒီနွေရာသီမှာ အသင်းမှထွက်ခွာဖို့ အခွင့်အလမ်းတွေ ရှိခဲ့ပေမဲ့ အခုအချိန်ထိတော့ ကျွန်တော်က အသင့်တော်ဆုံးကလပ်အသင်းမှာ ရှိနေပါတယ်" လို့ ဆိုပါတယ်။
 
မက်အယ်လစ္စတာရဲ့ ရုတ်တရက်ဖွင့်ဟလာတဲ့ စကားတွေနဲ့ပတ်သက်လို့ နည်းပြအီရာအိုလာက "ကျွန်တော်တို့အားလုံးမှာ တာဝန်ယူမှုတွေ ရှိကြသလို ကလပ်အသင်းနဲ့ စာချုပ်တွေလည်း ရှိကြပါတယ်။ ကျွန်တော်တို့အတူတူဖြတ်သန်းချိန် သိပ်မကြာသေးပေမဲ့ မက်အယ်လစ္စတာဆိုတာ အလွန်အရေးကြီးသူဖြစ်ပြီး မိနစ်တော်တော်များများမှာလည်း အဆင့်အတန်းမြင့်မြင့် ပါဝင်ကစားပေးခဲ့ပါတယ်။ ဒီလိုစာချုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကျွန်တော်တို့မှာ အချိန်တွေ ရှိပါသေးတယ်" တုံ့ပြန်ပြောကြားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့အတွင်း ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့က မက်အယ်လစ္စတာကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ လက်တွေ့ မဖြစ်လာခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်း မက်အယ်လစ္စတာရဲ့ခြေစွမ်းပိုင်း တဖြည်းဖြည်းကျဆင်းလာခဲ့ပေမဲ့ လာမယ့်လတွေမှာ နည်းပြအီရာအိုလာရဲ့အနီးကပ်စောင့်ကြည့်မှုနဲ့အတူ စာချုပ်သစ်ရရှိလာအောင် စွမ်းဆောင်နို်ငမယ့် အခွင့်အရေးတော့ ရှိနေပါသေးတယ်။