ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ လာပေါ်တေးကို ခေါ်ယူဖို့ ဘာစီလိုနာစဉ်းစားနေ
ကမ္ဘာ့ဖလားချန်ပီယံစပိန်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ လာပေါ်တေးကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်း စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၃၂ နှစ်အရွယ်ကစားသမားက စပိန်အသင်းရဲ့ချန်ပီယံခရီးစဉ်တလျှောက် သြစတြီးယားကို အနိုင်ယူခဲ့တဲ့ပွဲစဉ်နဲ့ အာဂျင်တီးနားကို အနိုင်ရရှိခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှလွဲလို့ ကျန်ပွဲစဉ်အားလုံးမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပါတယ်။
ဒါ့အပြင် စပိန်အသင်းက ပြိုင်ပွဲကာလတလျှောက်လုံးမှာ ကွာတားဖိုင်နယ်အဆင့်၊ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဒီကီတယ်လာယီရဲ့သွင်းဂိုးကိုသာ ခွင့်ပြုပေးခဲ့ရပါတယ်။
Sport သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းက လူငယ်ကြယ်ပွင့်ကူဘာစီနဲ့ လာပေါ်တေးတို့ရဲ့ တွဲဖက်ကစားပုံကို သဘောကျနေလို့ အခုလိုခေါ်ယူဖို့ စဉ်းစားလာတယ်လို့ သိရပါတယ်။
လာပေါ်တေးက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း အယ်လ်နာဆာမှ ဘီလ်ဘာအိုဆီ ယူရို ၁၀ သန်းဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းရှိနေပါတယ်။
လက်ရှိမှာတော့ ဘာစီလိုနာအားကစားဒါရိုက်တာဒီကိုက ကစားသမားနဲ့ အကြိုဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပါပြီ။ နှစ်ဖက်လုံးကလည်း ကမ္ဘာ့ဖလားပြီးဆုံးသွားပြီဖြစ်လို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ သဘောတူထားကြတယ်လို့ သိရပါတယ်။