ပြင်သစ်ကို အသည်းအသန်အနိုင်ယူကာ တတိယနေရာရရှိသွားတဲ့ အင်္ဂလန်
ပြင်သစ် ၄-၆ အင်္ဂလန် (ပွဲပြီးရလဒ်)
ကမ္ဘာ့ဖလားတတိယနေရာလုပွဲအဖြစ် ဥရောပအသင်းကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုက သွင်းဂိုးတွေနဲ့မြိုင်ဆိုင်ပြီး အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အင်္ဂလန်က ဒီကလန်ရိုက်စ်၊ ကွန်ဆာ၊ ဆာကာ(၂ ဂိုး)တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လေးဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး သက်သောင့်သက်သာအနိုင်ရရှိတော့မယ့်ပုံစံမျိုး ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းပြန်လည်စတင်လာချိန် မှန်ကန်တဲ့လူစားလဲလှယ်မှုပြုလုပ်လာတဲ့ ပြင်သစ်က အမ်ဘာပေ(၂ ဂိုး)၊ ဘာကိုလာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ပြိုင်ဘက်ကို ဖိအားပေးလာခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်နှောင်းပိုင်းမှာ ဆာကာက ပင်နယ်တီအခွင့်အရေးကို သွင်းဂိုးအဖြစ် ပြောင်းလဲပြီး အင်္ဂလန်ရဲ့ဖိအားတွေကို လျှော့ချပေးနိုင်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ ဒမ်ဘီလီနဲ့ ဘယ်လင်ဟမ်တို့က သက်ဆိုင်ရာအသင်းတွေအတွက် ဂိုးတွေထပ်မံသွင်းယူခဲ့ပေမဲ့ အင်္ဂလန်အတွက် အဖိုးတန်အနိုင်ရလဒ်တော့ အပြောင်းအလဲမရှိခဲ့ပါဘူး။