The network connection is lost.

Banner Image

ဘယ်လင်ဟမ်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမား ဖြစ်လာနိုင်တယ်လို့ လိုင်နီကာ ပြောကြား

ဒီညမှာ ကစားမယ့် အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ဂယ်ရီလိုင်နီကာက ဂျုဒ်ဘယ်လင်ဂမ်ဟာ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံးကစားသမား ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။ အသက် ၆၅ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟောင်းနဲ့ ရုပ်သံတင်ဆက်သူ လိုင်နီကာက သောမတ်စ်တူဟယ်လ်ရဲ့ အသင်းအတွက် ၆ ဂိုးအထိ သွင်းယူပေးထားပြီး ဒီနွေရာသီပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဘယ်လင်ဂမ်ကို အလွန်အမင်း ချီးကျူးပြောဆိုခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အင်္ကျီနဲ့ ဘယ်လင်ဂမ်ရဲ့ အလားအလာဟာ အကန့်အသတ်မရှိဘူးလို့ လိုင်နီကာက ယုံကြည်နေပြီး “သူဟာ အင်္ဂလန်သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမား ဖြစ်လာနိုင်ပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဟာရီကိန်းနဲ့ သွင်းဂိုးတူညီနေတဲ့ ဘယ်လင်ဂမ်ဟာ နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး ဒီညနေပိုင်း အက်တလန်တာမြို့မှာ ကစားမယ့် အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဂမ်ဟာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းနဲ့ပွဲမှာ နောက်ထပ်ခြေစွမ်းကောင်းတွေပြသပြီး အင်္ဂလန်အသင်းကို ၁၉၆၆ ခုနှစ်မှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။