The network connection is lost.

Banner Image

ဖောက်ကလန်ကျွန်းစုကိစ္စနဲ့ ယှဉ်တွဲအောင်ပွဲခံခဲ့လို့ ဖီဖာရဲ့အရေးယူမှုနဲ့ ကြုံတွေ့ရနိုင်တဲ့ အာဂျင်တီးနားအသင်း

၂၀၂၆ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်မှာ အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် အာဂျင်တီနားကစားသမားတွေက ဖောက်ကလန်ကျွန်းစုကိစ္စနဲ့ပတ်သက်တဲ့စာတန်း ကိုင်ဆောင်ကာ အောင်ပွဲခံခဲ့လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့အရေးယူမှုနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။

လီယွန်နယ်မက်ဆီနဲ့ အဖွဲ့သားတွေက အင်္ဂလန်ကို ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ နောက်မှလိုက်ကစားကာ အနိုင်ယူပြီး တနင်္ဂနွေနေ့၊ စပိန်နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ တက်လှမ်းသွားပါတယ်။

ဒါပေမဲ့ ပွဲစဉ်ပြီးဆုံးချိန် လိုဆယ်လိုက "Las Malvinas son Argentinas" လို့ ရေးထားတဲ့ စာတန်းတစ်ခုကို ကိုင်ဆောင်ပြီး ကွင်းတွင်း ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီစာတန်းက " ဖောက်ကလန်ကျွန်းစုဟာ အာဂျင်တီးနားပိုင်ဆိုင်တဲ့ ဒေသဖြစ်တယ်"လို့ အဓိပ္ပါယ်ရပါတယ်။

ဒီစာတန်းကို အင်္ဂလန်ကလပ်အသင်းတွေဖြစ်တဲ့ တော့တင်ဟမ်နဲ့ မန်ချက်စတာယူနိုက်တက်မှာကစားနေကြတဲ့ ရိုမဲရိုးနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့လည်း ဝိုင်းဝန်းကိုင်ဆောင်ခဲ့ကြပါတယ်။

ဘောလုံးလောကရဲ့စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပေးတဲ့ IFAB အဖွဲ့နဲ့ ဖီဖာတို့မှာနိုင်ငံရေးနဲ့ပတ်သက်တဲ့အလံတွေ၊ ကြွေးကြော်သံတွေနဲ့ အမှတ်အသားတွေပြသမှုအပေါ် သံမဏိလိုရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိထားပါတယ်။

IFAB ရဲ့စည်းမျဉ်းစည်းကမ်းတွေမှာ "အသုံးပြုတဲ့ ဝတ်စုံနဲ့ အသုံးအဆောင်တွေမှာ နိုင်ငံရေး၊ ဘာသာရေး ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကြွေးကြော်သံတွေ၊ ထုတ်ပြန်ချက်တွေ ဒါမှမဟုတ် ရုပ်ပုံတွေ မပါရှိရဘူး။ ကစားသမားတွေက နိုင်ငံရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကြွေးကြော်သံတွေ၊ ထုတ်ပြန်ချက်တွေ ဒါမှမဟုတ် ရုပ်ပုံတွေ ပါဝင်တဲ့ အတွင်းခံအင်္ကျီတွေကို မပြသရသလို၊ ထုတ်လုပ်သူရဲ့တံဆိပ်မှလွဲလို့ တခြားကြော်ငြာတွေကိုလည်း မပြသရဘူး" လို့ ဖော်ပြထားပါတယ်။