The network connection is lost.

Banner Image

အာဂျင်တီးနားကို ရှုံးနိမ့်ပြီးနောက် သောမတ်စ်တူချယ်ရဲ့နည်းဗျူဟာပိုင်းကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ ဝိန်းရွန်းနီ

အာဂျင်တီးနားကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲနဲ့လွဲချော်ခဲ့ရတဲ့ ပွဲစဉ်အတွင်း နည်းပြသောမတ်စ်တူချယ်ရဲ့နည်းဗျူဟာတွေကို အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဝိန်းရွန်းနီက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

သောမတ်စ်တူချယ်ရဲ့အသင်းက ပွဲချိန် ၅၅ မိနစ်မှာတင် ဂေါ်ဒွန်ရဲ့သွင်းဂိုးနဲ့ ပြိုင်ဘက်အာဂျင်တီးနားကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယဂိုးထပ်မံရရှိဖို့ကြိုးစားရမယ့်အစား ခံစစ်ကိုအားပြုဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဂျာမန်နည်းပြက ခံစစ်ပို်ငးလူစားလဲလှယ်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး ခံစစ်ပိတ်ကစားခဲ့လို့ ပြိုင်ဘက်အာဂျင်တီးနားအတွက် စိတ်ကြိုက်ထိန်းချုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ 

နောက်ပိုင်းမှာ မက်ဆီဦးဆောင်တဲ့အသင်းက ဆက်တိုက်ဆိုသလို ဖိကစားလာခဲ့ပြီး အန်ဇိုဖာနန်ဒက်ဇ်ရဲ့ပွဲချိန်နှောင်းပိုင်းချေပဂိုး၊ လော်တာရိုမာတီနက်ဇ်ရဲ့နာကျင်အချိန်ပိုအနိုင်ဂိုးတို့နဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ တက်ရောက်နိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ပွဲစဉ်အပြီး ဝိန်းရွန်းနီက အခုလိုခံစစ်အားပြုဖို့ စောစောစီးစီးပြောင်းလဲလိုက်တဲ့ တူချယ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး "ကျွန်တော်တို့ ပြိုလဲသွားခဲ့ပါပြီ... ဒါတွေ အကုန်လုံး နည်းပြဆီမှ စတင်လာခဲ့တာပါ" လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

ဆက်လက်ပြီး သူက "ပထမဂိုးရပြီးတာနဲ့ ဒုတိယဂိုးရဖို့ ကျွန်တော်တို့ မကြိုးစားခဲ့ဘူး။ ကစားသမားတွေအတွက်ရော၊ ကျွန်တော့်အတွက်ပါ သောမတ်စ်တူချယ်ရဲ့ဆုံးဖြတ်ချက်က လောင်းကစားတစ်ခုလိုပါပဲ။ သူလုပ်ခဲ့တဲ့ လောင်းကစားကတော့ ငါးယောက်တန်းခံစစ်ပုံစံဆီ ပြောင်းလိုက်တာဖြစ်ပြီး ဒါကပဲ ပြိုင်ဘက်အတွက် ပွဲကို စိတ်ကြိုက်ထိန်းချုပ်ကစားဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပါတယ်။ တူချယ်ရဲ့ဆုံးဖြတ်ချက်တွေကြောင့်ပဲ ဒီညမှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။