The network connection is lost.

Banner Image

ကမ္ဘာ့ဖလားဗိုလ်လုပွဲနဲ့လွဲချော်ခဲ့ပေမဲ့ ရာထူးနေရာအတွက် အာမခံချက်အပြည့်အ၀ရရှိထားတဲ့ သောမတ်စ်တူချယ်

မြောက်အမေရိကမြေ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်လှမ်းနိုင်မယ့်အခွင့်အလမ်းနဲ့ လွဲချော်ခဲ့ပေမဲ့ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးကတော့ ဆက်လက်တည်မြဲနေလိမ့်မယ်လို့ သိရပါတယ်။

အာဂျင်တီးနားနဲ့ရင်ဆိုင်ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဗုဒ္ဓဟူးနေ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ဂေါ်ဒွန်ရဲ့ပွဲချိန် ၅၅ မိနစ် ဦးဆောင်ဂိုးကို ရရှိခဲ့ပေမဲ့ ပွဲချိန်နှောင်းပိုင်းမှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ချေပဂိုး၊ လော်တာရိုမာတီနက်ဇ်ရဲ့အနိုင်ဂိုးတို့ကို ခွင့်ပြုပေးလိုက်ရပါတယ်။

အဲ့ဒီပွဲစဉ်အတွင်း တူချယ်က ဦးဆောင်ဂိုးရရှိပြီးနောက် လူစားလဲလှယ်မှုအချို့ပြုလုပ်ကာ ခံစစ်ပိတ်ကစားဖို့ ဆုံးဖြတ်ခဲ့လို့ ပြိုင်ဘက်အာဂျင်တီးနားအတွက် ပွဲကို စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် ကူညီပေးလိုက်သလို ဖြစ်သွားပါတယ်။

မက်ဆီနဲ့ အာဂျင်တီးနားအသင်းကစားသမားတွေက လာမယ့်တနင်္ဂနွေနေ့(ဇူလိုင် ၁၉ ရက်)၊ နယူးဂျာစီမှာကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။

The Standard သတင်းဌာနရဲ့ဖော်ပြချက်အရ ၁၉၆၆ ခုနှစ်နောက်ပိုင်း အင်္ဂလန်အတွက် အရေးအကြီးဆုံးပွဲစဉ်မှာ နားလည်ရခက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပေမဲ့လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကတော့ တူချယ်အပေါ် ဆက်လက်ယုံကြည်သွားမယ်လို့ သိရပါတယ်။

တူချယ်မှာ ယူရို-၂၀၂၈ ပြိုင်ပွဲကာလအထိ စာချုပ်သက်တမ်းရှိထားလို့ အခြေအနေတွေ အကြီးအကျယ်မဆိုးရွားသရွေ့ ဂျာမန်သားကိုပဲ ဆက်ရှိနေစေဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ရည်ရွယ်ထားပါတယ်။