ပြင်သစ်ကို ထိုက်ထိုက်တန်တန်အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်လာတဲ့ စပိန်
ပြင်သစ် ဝ-၂ စပိန် (ပွဲပြီးရလဒ်)
ပြင်သစ်နဲ့ထိပ်တိုက်တွေ့ဆုံတဲ့ နောက်ဆုံးနှစ်ကြိမ်ဆက် အနိုင်ရရှိထားတဲ့ စပိန်က ဒီနေ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အကောင်းဆုံးခြေစွမ်းပြကာ ပြိုင်ဘက်ကိုကျော်ဖြတ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ဗိုလ်လုပွဲဆီ တက်လှမ်းရောက်ရှိလာပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း စပိန်က ယာမယ်လ်ကြောင့်ရရှိလာတဲ့ ပင်နယ်တီမှတဆင့် အိုယာဇာဘယ်လ်ရဲ့ဦးဆောင်ဂိုးကို ရရှိခဲ့သလို ဒုတိယပိုင်းပွဲချိန်မှာလည်း အိုလ်မိုရဲ့ဖန်တီးပေးမှုမှတဆင့် ပေါ်ရိုရဲ့အဖိုးတန်သွင်းဂိုး ထပ်မံရရှိခဲ့ပါတယ်။ အခုအနိုင်ရလဒ်ကြောင့် စပိန်က ဖိုင်နယ်မှာ လက်ရှိချန်ပီယံအာဂျင်တီးနား(သို့မဟုတ်)နာမည်ကြီးအင်္ဂလန်နဲ့ ရင်ဆိုင်သွားရဖို့ရှိပြီး ပြိုင်ပွဲတလျှောက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ပြင်သစ်ကတော့ တတိယနေရာလုပွဲနဲ့သာ ကျေနပ်လိုက်ရပါတယ်။