The network connection is lost.

Banner Image

အာဂျင်တီးနားနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒီကလန်ရိုက်စ် ပါဝင်ကစားနိုင်ဖို့ အင်္ဂလန်မျှော်လင့်နေ

လာမယ့်ဗုဒ္ဓဟူးနေ့၊ အာဂျင်တီးနားနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မတိုင်ခင် ဒီကလန်ရိုက်စ်ရဲ့ကြံ့ခိုင်မှုအခြေအနေကို သုံးသပ်ဆုံးဖြတ်ဖို့အတွက် အင်္ဂလန်အသင်း အချိန်ယူသွားပါလိမ့်မယ်။

အာဆင်နယ်ကြယ်ပွင့်က စနေနေ့၊ နော်ဝေကိုအနိုင်ယူခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် အဖျားဝေဒနာကြောင့် သုံးရက်နီးပါး အိပ်ရာထဲလဲနေခဲ့ပါတယ်။ ဒါကြောင့်လည်း နော်ဝေနဲ့ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး သူ့ကို လူစားလဲလှယ်ခဲ့ပါတယ်။

လောလောဆယ် ဒီကလန်ရိုက်စ်က အပြည့်အ၀မသက်သာလာသေးပေမဲ့ ကျန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ အခြေအနေ အတော်လေးတိုးတက်ကောင်းမွန်လာခဲ့ပါတယ်။

BBC သတင်းအရ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၇၈ ပွဲထိ ပါဝင်ကစားပေးထားတဲ့ ဒီကွင်းလယ်လူက အရေးကြီးဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နည်းပြတူချယ်ကတော့ နောက်ဆုံးဆုံးဖြတ်ချက်မချခင် သူ့ကို အသင်းဆေးအဖွဲ့နဲ့ စစ်ဆေးစေမယ်လို့ သိရပါတယ်။

ဒီကလန်ရိုက်စ်က ခါးအောက်ပိုင်းနဲ့ တံကောက်ကြောကို ထိခိုက်စေတဲ့ နာတာရှည်အာရုံကြောပြဿနာကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ သူက အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပွဲစဉ်တိုင်းနီးပါး ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။