The network connection is lost.

Banner Image

အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူသွားမယ့် ပေါ်လိုမာလ်ဒီနီ

အီတလီဘောလုံးအဖွဲ့ချုပ်က နည်းစနစ်ဒါရိုက်တာအဖြစ် အေစီမီလန်ဂန္ထဝင်ကစားသမား ပေါ်လိုမာလ်ဒီနီကို ခန့်အပ်ခဲ့ပြီး အကြံပေးရာထူးနေရာအတွက် လီယိုနာဒိုကို တာ၀န်ပေးအပ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ သုံးကြိမ်ဆက်လွဲချော်ပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) က လက်ရွေးစင်အသင်းကို အခြေခံမှစတင်ကာ ပြန်လည်တည်ဆောက်ဖို့အတွက် စတင်ပြင်ဆင်လာပါတယ်။

La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အီတလီဘောလုံးအဖွဲ့ချုပ်က အေစီမီလန်နောက်ခံလူဟောင်းနဲ့ အသင်းခေါင်းဆောင်ဟောင်းမာလ်ဒီနီကို လေးနှစ်သက်တမ်းရှိစာချုပ်ဖြင့် နည်းစနစ်ဒါရိုက်တာသစ်အဖြစ် တာဝန်ပေးအပ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့ချုပ်သမိုင်းတလျှောက် မရှိခဲ့ဖူးတဲ့ ဒီရာထူးအသစ်မှာ မာလ်ဒီနီကိုယ်တိုင် တာဝန်ယူသွားပြီး နည်းပြသစ်ခန့်အပ်ဖို့ကိစ္စနဲ့ လက်ရွေးစင်အသင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်သွားရပါမယ်။

ဒါ့အပြင် အသက် ၅၈ နှစ်အရွယ် မာလ်ဒီနီနဲ့အတူ သူ့ရဲ့ အေစီမီလန်အသင်းဖော်ဟောင်း လီယိုနာဒိုလည်း အကြံပေးအဖြစ် ပူးပေါင်းဆောင်ရွက်သွားပါလိမ့်မယ်။