The network connection is lost.

Banner Image

စပိန်နဲ့ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရလို့ ပြင်သစ်အတွက် ဘာတွေစိုးရိမ်ရမလဲဆိုတာ ဖွင့်ဟပြောဆိုလိုက်တဲ့ ဒီလာဖွန်တေ

စပိန်အသင်းက လော့စ်အိန်ဂျလိစ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဘယ်လ်ဂျီယံကို နောက်ကျအနိုင်ဂိုးသွင်းယူကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ၂၀၂၆ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ လူစားဝင်ကစားသမား မီရီနိုကပဲ အနိုင်ဂိုးသွင်းပေးခဲ့ပြီး နိုင်ပွဲကြောင့် စပိန်အသင်းက ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ နည်းပြ လူးဝစ်ဒီလာဖွန်တေရဲ့ ဥရောပချန်ပီယံအသင်းက လာမယ့်ဇူလိုင် ၁၄ ရက်မှာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။

ဒါ့အပြင် ဒီလာဖွန်တေက အမ်ဘာပေဦးဆောင်ပြီး မြောက်အမေရိကမှာ တားဆီးနိုင်သူမရှိ၊ ခြေစွမ်းပြနေတဲ့ နည်းပြ ဒက်စ်ချမ့်စ်ရဲ့ ပြင်သစ်အသင်းကို အကောင်းဆုံးစိန်ခေါ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။

ဒီလာဖွန်တေးရဲ့အသင်းသားတွေက တက္ကဆက်ဆီ မသွားခင် အနားယူပြီး အားအင်ပြန်ဖြည့်ကြဖို့ရှိသလို ဝါရင့်နည်းပြဒီလာဖွန်တေကတော့ သူတို့နဲ့တွေ့ရမယ့်အရေးကို ပြင်သစ်သားတွေ ဘာကြောင့်ပိုပြီးစိုးရိမ်ရမလဲဆိုတာ အခို်ငအမာရှင်းပြလိုက်ပါတယ်။

"ပြင်သစ်ကိုကျော်ဖြတ်နိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။ သူတို့ကို နှစ်ပွဲဆက်တိုက်အနိုင်ယူခဲ့တဲ့အသင်းက ကမ္ဘာပေါ်မှာ ကျွန်တော်တို့အသင်းပဲ ရှိတယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်လို့ သူတို့လည်း အတော်လေးစိုးရိမ်နေပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

ဒီလာဖွန်တေရဲ့ယုံကြည်ချက်ကလည်း အမှားအယွင်းတော့ မရှိပါဘူး။ သူ့လက်ထက်မှာ ပြင်သစ်ကို ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်မှာ ၂-၁ ဂိုး၊ ပြီးခဲ့တဲ့နွေရာသီနေရှင်းလိဂ်မှာလည်း ၅-၄ နဲ့ အကြိတ်အနယ်အနိုင်ယူခဲ့ဖူးပါတယ်။ အဲ့ဒီနှစ်ပွဲမှာ ယာမယ်လ်က ပြင်သစ်ကို သုံးဂိုးအထိ သွင်းယူခဲ့ပါတယ်။

ဒါ့အပြင် စပိန်က ပြင်သစ်နဲ့ရင်ဆိုင်ရတဲ့နောက်ဆုံးလေးပွဲမှာ တစ်ကြိမ်သာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဒီနှစ်သင်းအကြား ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဇီဒန်းရဲ့နောက်ကျသွင်းဂိုးနဲ့အတူ ပြင်သစ်က စပိန်ကို ၁၆ သင်းရှုံးထွက်အဆင့်မှာတင် အိမ်ပြန်ပို့ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာ ပြင်သစ်က ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမဲ့ အီတလီကို ရှုံးနိမ့်ခဲ့သလို ဇီဒန်းကိုယ်တိုင်လည်း မာတာရာဇီကို ခေါင်းနဲ့တိုက်ခဲ့လို့ အနီကတ်ပြသခံရပြီး နာမည်ဆိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။