The network connection is lost.

Banner Image

ဖရိုင်းဘတ်ကစားသမားမန်ဇမ်ဘီကိုခေါ်ယူဖို့ သဘောတူညီမှုရရှိသွားတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းက ဖရိုင်းဘတ်ကွင်းလယ်ကစားသမား၊ ဆွစ်ဇာလန်ကြယ်ပွင့် မန်ဇမ်ဘီကို ယူရိုသန်း ၆၀ ဖြင့်ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါပြီ။

အသင်းရဲ့အဓိကကစားသမားတိုနာလီကို တော့တင်ဟမ်ဆီ ရောင်းချခဲ့ပြီးနောက် နည်းပြဟိုဝီအတွက် စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းဆီ စွယ်စုံရထိပ်တန်းအဆင့်ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ အာရုံစိုက်ကြိုးပမ်းလာပြီးနောက် မန်ဇမ်ဘီရဲ့အပြောင်းအရွှေ့ ဖြစ်ပေါ်လာခဲ့ပါတယ်။

ကလပ်အသင်းအချင်းချင်း ညှိနှိုင်းမှုတွေ အောင်အောင်မြင်မြင်ပြီးဆုံးသွားလို့ နယူးကာဆယ်က လိုအပ်တဲ့စာရွက်စာတမ်းတွေကို အချောသတ်နေပြီး ဆွစ်ဇာလန်ပါရမီရှင်လူငယ်လေးအတွက်လည်း ရေရှည်စာချုပ်တစ်ရပ် အဆင်သင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မန်ဇမ်ဘီကိုခေါ်ယူနိုင်မှုက နယူးကာဆယ်အတွက် တကယ့်ကိုအောင်မြင်တဲ့ ကစားသမားသစ်ရှာဖွေစုဆောင်းမှုတစ်ခု ဖြစ်ပါတယ်။ သူတို့က ဒီပစ်မှတ်ကိုရရှိဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ အထူးသဖြင့် အက်စတွန်ဗီလာအသင်းက အိုနာနာဒဏ်ရာရရှိသွားလို့ မန်ဇမ်ဘီကို ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ပါသေးတယ်။

မန်ဇမ်ဘီက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ကလပ်အသင်းအတွက် ခြေစွမ်းပြခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အတောက်ပဆုံးကြယ်ပွင့် ဖြစ်လာခဲ့လို့ သူ့ရဲ့တန်ဖိုးနှုန်းထား အကြီးအကျယ် မြင့်တက်လာခဲ့ပါတယ်။

ဒီထူးချွန်တဲ့ကွင်းလယ်လူက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆွစ်ဇာလန်အသင်းရဲ့အောင်မြင်မှုတွေမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး သုံးဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ထားပါတယ်။ သူက ဘော့စနီးယားကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဆွစ်ဇာလန်သမိုင်းတလျှောက် ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုအတွင်း နှစ်ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သလို အိမ်ရှင်ကနေဒါနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာလည်း အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

သူက လေ့ကျင့်ရေးကွင်းမှာရရှိခဲ့တဲ့ ဒဏ်ရာအနည်းငယ်ကြောင့် ကိုလံဘီယာကို အနို်ငရရှိတဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို လွဲချော်ခဲ့ပေမဲ့ နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှုကိုတော့ မလျော့ကျသွားစေခဲ့ပါဘူး။

လတ်တလောမှာ မန်ဇမ်ဘီက လက်ရှိချန်ပီယံအာဂျင်တီးနားနဲ့ယှဉ်ပြိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်ဆီပဲ အာရုံစိုက်ထားပါတယ်။ ကမ္ဘာ့ဖလားခရီးစဉ်ပြီးဆုံးသွားတာနဲ့ သူက ဆေးစစ်မှုခံယူဖို့နဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့ နယူးကာဆယ်မြို့ဆီ ခရီးထွက်လာပါလိမ့်မယ်။